Preview

မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာတွင် အိမ်ခြံဝင်းအတွင်း လက်နက်ကြီးကျ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

နိုဝင်ဘာ ၀၈/ ၂၀၁၉ | ကြည့်ရှုသူ :3337
ရခိုင် သတင်း

မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ နိုဝင်ဘာ ၄ / ၂၀၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာတွင် နေအိမ်ခြံဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း သိ၇သည်။

ဒဏ်ရာရသွားသူမှာ ကျောင်းတောင်ကျေးရွာမှ ဒေါ်မထွေးလေး (၃၄ နှစ်)ဖြစ်ပြီး သူမသည် နိုဝင်ဘာလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်တွင် နေအိမ်အတွင်းရှိနေစဉ် ခြံဝင်းအတွင်း လက်နက်ကြီးကျည်တစ်လုံးပေါက်ကွဲမှုကြောင့် သူမ၏ ဘယ်ဘက်ပေါင်တွင် ထိခိုက်ဒဏ်ရာ၇သွားကြောင်း မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

"၁၂ နာရီခွဲလောက်မှာ လက်နက်ကြီးက သူ့ခြံဝင်းထဲမှာကျပြီး အမြောက်ဆံ စဉ်လာတာ။ ဘယ်ဘက်ပေါင်မှာ ထိတာသွားပါတယ်။"ဟု ဦးထွန်းသာစိန်က ပြောသည်။

ကျောင်းတောင်ကျေးရွာသည် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီးတွင်တည်ရှိသည့်အတွက် ဒဏ်ရာရသူအား ပန်းမြောင်းဆေးရုံကို ပို့ဆောင်ခဲ့သော်လည်း ပန်းမြောင်းဆေးရုံတွင်အဆင်မပြေ၍ မြောက်ဦးဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု သိရသည်။ ဒဏ်ရာအခြေအနေမှာ မစိုးရိမ်၇ဟုလည်း ဦးထွန်းသာစိန်က ဆိုသည်။

ကျောင်းတောင်ကျေးရွာတွင် ယနေ့ နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုမရှိဘဲ မြောက်ဦးရှိ ၅၄၀ တပ်ရင်းက ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ကြောင့် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာသွားခြင်းဖြစ်သည်ဟုလည်း ကျောင်းတောင်ရွာသားတစ်ဦးက ပြောသည်။

"၅၄၀ တပ်က မနက်ကနေ လှမ်းပြီးပစ်နေတာ။ ဒီနေ့ နှစ်ဘက်အပြန်အလှန် ပစ်တာမရှိဘူး။"ဟု ၄င်းက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ယနေ့နေ့လယ် ၂ နာရီခန့်က ဆက်သွယ်မေးမြန်းရာ မအားသေး၍ နောက်မှ ပြန်ဆက်ပါဟု ဖြေကြားသည်။

ဒဏ်ရာရသွားသည့်ကျောင်းတောင်ကျေးရွာမှ အမျိုးသမီးသည် ကွမ်းခင်းစိုက်ပျိုးလုပ်ကိုင်စားသောက်ပြီး အမျိုးသားနှင့်အတူ သား တစ်ဦးနှင့် သမီးတစ်ဦးရှိသည်ဟုလည်း သိ၇သည်။
-----------------------------------
Unicode











#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.