Preview

မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ လူငယ်တစ်ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

နိုဝင်ဘာ ၀၈/ ၂၀၁၉ | ကြည့်ရှုသူ :2621
ရခိုင် သတင်း

စိုးဇံအောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၅ / ၂၀၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ လူငယ်တစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိ၇သည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူမှာ ရွာသာယာကျေးရွာမှ ဦးမောင်တင်မြင့်၏သား မောင်ဆန်းဆန်းမောင် (၁၉) နှစ် ဖြစ်ကြောင်း သိ၇သည်။

အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၃ နာရီက ရွာသာယာရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာလမ်းတွင် တပ်မတော်စစ်ကြောင်းတစ်ခုက မောင်ဆန်းဆန်းမောင် စီးလာသော ဆိုင်ကယ်ကို ရပ်တန့်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစေ်ကြာင်း ဒေသခံတစ်ဦးက ပြောသည်။

“ကောင်လေးတစ်ယောက်ကို ဖမ်းသွားပါတယ်။ မနေ့က ညနေ ၃ နာရီလောက်ကပါ။ သူက ဆိုင်ကယ်နဲ့ သွားနေတာမှာ လမ်းမှာ ဖမ်းတာပါ။ စစ်တပ်က ဖမ်းတာပါ။ အရင် သုံးပတ်လောက်ကလည်း နှစ်ယောက်ဖမ်းသွားတယ်။ အခု ရွာသားတွေ ကြောက်နေကြပါတယ်။ တစ်ခုခုဖြစ်မှာ စိုးရိမ်နေကြတယ်”ဟု ၄င်းက နိရဥ္စရာသို့ ပြောသည်။

မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း ရွာသာယာကျေးရွာမှ လူငယ်တစ်ဦးဖမ်းဆီးခံခဲ့၇သည်ဟု ၄င်းထံသို့ သတင်းရောက်ရှိလာကြောင်း အတည်ပြုပြောကြားသည်။

“ဟုတ်တယ်။ ရွာကနေ လှမ်း သတင်းပေးတယ်။ ဒါပေမယ့် နာမည်တွေ ဘာတွေ၊ မိဘတွေကို အတိအကျ မက်ဆေ့ချ်ပို့ဆိုတော့ မပို့သေးဘူး။ အရင်လည်း အဲဒီရွာက ညီအစ်ကိုနှစ်ယောက် တောထဲသွားရင်းနဲ့ ပျောက်သွားတယ်။ ဘယ်သူဖမ်းသွားမှန်းတော့ မသိဘူး။ ကျွန်တော့်ကို တိုင်ကြားထားပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦး ထံသို့ ယနေ့ ညနေ ၄ နာရီကတစ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်မှုမရရှိခဲ့ပေ။

ယင်းနောက် ၄ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ် ထပ်မံဆက်သွယ်ရာ ဖုန်းကိုင်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိသည့်အတွက် တပ်မတော်ဘက်မှ သဘောထားကို မသိရှိနိုင်ခဲ့ပါ။

----------------

Unicode Version


နိရဉ်စရာ၊ နို၀ငျဘာ ၅ / ၂၀၁၉









#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.