ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လူပေါင်း သောင်းနှင့်ချီလာရောက်ဆင်နွှဲတတ်သည့် ဘဲငါးရာတောင်တက်ပွဲ ယခုနှစ် ကျင်းပနိုင်မည်မဟုတ်ဟုဆို

  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.5k

စိုးဇံအောင်
စစ်တွေ၊ နိုဝင်ဘာ ၇ / ၂ဝ၁၉

လူပေါင်း သောင်းနှင့်ချီလာရောက်ဆင်နွှဲတတ်သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဘဲငါးရာတောင်တက်ပွဲတော်ကို ယခုနှစ်တွင် ဒေသတည်ငြိမ်မှုမရှိသည့်အတွက် ကျင်းပနိုင်တော့ မည်မဟုတ်ကြောင်း ယိုးတရုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

“ဘဲငါးရာတောင်တက်ပွဲက ပွဲချမလား။ မချဘူးလားဆိုတာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ နောက်ပြီးတော့ ရပ်မိရပ်ဖတွေ၊ ဘဲငါးရာ ဂေါပကအဖွဲ့တွေ ညှိနှိုင်းတိုင်ပင်မှုတော့ မရှိသေးဘူး။ ဒါပေမယ့် ဘယ်လိုပြောမလဲ။ မချပေးဖို့ များတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဘဲငါးရာတောင်ပွဲက ညပွဲနဲ့မှ ပိုပြီး စည်တာ။ ညပွဲက ချခွင့်မပေးဘူး။ မြို့နယ်ကလည်း စာထုတ်ထားတယ်။ ဒီလိုဆိုတော့ ကျွန်တော်တို့က ဘဲငါးရာ တောင်ပွဲ မချဖြစ်ဖို့ကတော့ သေချာနေပြီ။”ဟု ယိုးတရုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက နိရဥ္စရာ သို့ ပြောသည်။

ဘဲငါးရာ တောင်တက်ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တိုင်းကျင်းပလေ့ရှိပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များမှလည်း ပွဲတော်သို့ လာရောက်ဆင်နွှဲကြ သဖြင့် လူပေါင်းသောင်းနှင့်ချီကာ စည်ကားတတ်ကြောင်း သိရသည်။

နှစ်စဉ်ကျင်းပတတ်သည့် ဘဲငါးရာတောင်တက်ပွဲအား ယခုနှစ်တွင် မကျင်းပနိုင်သည့်အတွက် ဒေသခံများကလည်း စိတ်မကောင်းဖြစ်နေသည်ဟု သိရသည်။

“လပြည့်မတိုင်ကပဲ ယိုးတရုတ်ပတ်ဝန်းကျင်တွေမှာ လူတွေက စည်ကားနေတယ်။ ရွာမှာလည်း အခမဲ့ ဇာတ်ပွဲတွေကို လုပ်ပေးထားတယ်။ အခုက တိုင်းပြည်ရဲ့ လုံခြုံမှုအားနည်းတဲ့ အခြေအနေအရ ကျေးရွာ အဖွဲ့ကတော့ ဇာတ်ပွဲတွေ ဘာတွေ မချတော့ဘူး။ တောင်တက်ပွဲလည်း ဖြစ်ဖို့ မထင်ဘူးဗျ။ တခြားဒေသက လူတွေလည်း ဒီတောင်တက်ပွဲကို လာဖြစ်မယ် မထင်ဘူး။”ဟု ယိုးတရုတ်ဒေသခံ ဦးလှရွှေက နိရဥ္စရာသို့ ပြောသည်။

ဘဲငါးရာ တောင်တက်ပွဲတွင် တောင်တက်သူများသည် ကြိုးများ၊ ဝါးလုံးများ ဖြင့် သော်လည်းကောင်း၊ လက်ကမ်း၍သော်လည်းကောင်း တစ်ဦးကိုတစ်ဦး ကူညီဖေးမပြီး တောင်ပေါ်သို့ တက်ရောက်ကြသည်ဟု သိရသည်။

ထိုပွဲသည် ရခိုင်လူငယ်များ၏ တစ်ဦးကိုတစ်ဦး ဖေးမကူညီခြင်းနှင့် ရိုးသားဖြူစင်ခြင်းတို့ကို ချစ်ခင်ကြည်နူးဖွယ် မြင်တွေ့ရသည့်ပွဲတော်တစ်ခုလည်း ဖြစ်သည်။

ဘဲငါးရာတောင်သည် ပုဏ္ဏားကျွန်းမြို့နယ် မြောက်ဘက် ၁၇ မိုင်အကွာ၊ ရန်ကုန်-စစ်တွေ ကားလမ်း၏ အနောက်ဘက် ၁ မိုင်ကျော်အကွာတွင် တည်ရှိသည်။ အမြင့်ပေ ၃၆ဝဝ ကျော်ရှိပြီး တောင်ထိပ်တွင် စေတီသုံးဆူရှိသည်။

ရှေးခေတ် သမိုင်းစာပေများတွင် ဘဲငါးရာတောင်ကို ဒေဝဂန္ဓာရီတောင်ဟု ခေါ်ဆိုကြောင်းနှင့် ယခုခေတ် ရခိုင်လူမျိုးတို့က အာရ်ကန် ဖူဂျီယာမာ တောင်ဟု တင်စား ခေါ်ဝေါ်ကြောင်း သိရသည်။

-------------------------------

Unicode Version

ဆက်စပ် သတင်းများ