Preview

တပ်ရင်းမှူးကျဆုံးသွားသည့် သရက်တစ်ပင်ရွာနှင့် အနီးအနားကျေးရွာများမှ လူ ၃ ဦးဖမ်းဆီးခေါ်ဆောင်ခံရ

နိုဝင်ဘာ ၁၅/ ၂၀၁၉ | ကြည့်ရှုသူ :5922
ရခိုင် သတင်း

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၅/၂၀၁၉

၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အခြေစိုက် အမှတ် (၃၇၄) တပ်ရင်းမှ တပ်ရင်းမှူး မိုင်းခွဲတိုက်ခိုက်မှု အတွင်း ကျဆုံးသွားပြီးနောက် တပ်မတော်မှ အနီးအနားကျေးရွာများမှ မသင်္ကာသူ ၃ ဦးကို စစ်ဆေးရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

၎င်းတို့သုံးဦးမှာ ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာမှ ဦးနေမျိုးထွန်း (၃၅) နှစ်၊ ရွာမပြင် ကျေးရွာမှ ဦးညီညီစိုး(၃၀) နှင့် စပါးဆိပ်ကျေးရွာသား တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ကျွန်တော် သတင်းရတာက သုံးဦးပါ။ နှစ်ဦးကတော့ နာမည်ရတယ်။ ကျန်တဲ့ စပါးဆိပ်ရွာက လူရဲ့ နာမည်ကိုတော့ မရရှိသေးပါဘူး။ စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဦးနေမျိုးထွန်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းယဉ်က “ မနေ့က ညနေ ၃ နာရီလောက်မှာ စစ်တပ်နဲ့ ရဲတွေက ကျွန်မတို့ အိမ်ကို ဝင်လာပြီး ခေါ်ယူသွားပါတယ်။ သူတို့လာတဲ့ အတွက် အိမ်ထဲမှာ ဝင်ပုန်းနေရာက ခေါ်သွားပါတယ်။ ၂၀၁၂ အရေးအခင်းတုန်းကတည်းက ကိုနေမျိုးထွန်းမှာ လုပ်ထားတဲ့ ဓားတွေရှိပါတယ်။ ဒါတွေကို သိမ်းသွားပါတယ်။ သူ့ကို ခေါ်သွားပြီးနောက် ကျွန်မတို့ သူတို့ တပ်ရင်းကို လိုက်သွားပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။ တာဝန်ရှိ အရာရှိ တစ်ဦးကတော့ စစ်ဆေးစရာရှိလို့ ခေါ်လာတာ ဖြစ်တယ်။ အပြစ်မရှိရင်တော့ ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။

နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က ကျောက်တော် အခြေစိုက် ၃၇၄ မှ စစ်ကြောင်းတစ်ခု သရက်တစ်ပင် ကျေးရွာအနီးရှိ တံတားတွင် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၎င်းတပ်ရင်း၏ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ရန်နောင်ဝင်း (DSA အပတ်စဉ် ၄၄) နှင့် စစ်သားအချို့ ကျဆုံးခဲ့ကြောင်း သိရသည်။

၎င်းနောက် အနီးအနားရှိ သရက်တစ်ပင် ကျေးရွာမှ နေအိမ်အချို့အား တပ်မတော်စစ်ကြောင်း တစ်ခုမှ အောက်တိုဘာ ၁၄ ရက်နေ့က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

“ တစ်ရွာလုံးကို ရှာဖွေတာတော့ မဟုတ်ပါဘူး။ တစ်အိမ် တက်ဆင်း လမ်းတစ်လမ်းကိုရှာဖွေတာတို့ လုပ်ခဲ့ပါတယ်။ ကျန်တဲ့အိမ်တွေတော့ ရှာဖွေတာ မကြားရပါဘူး။ အရင်ကလို ပစ္စည်းတွေ ယူတာတော့မရှိပါဘူး။ သရက်တစ်ပင်က ရွာသား တစ်ယောက် အဖမ်းခံရတယ်။ အစုချေ ရပ်ကွက်ကပါ။ သူ့အိမ်က ဓါးနှစ်လက် သုံးလက် ရတယ်လို့ ပြောပါတယ်။ အဲဒီဓါးတွေကလည်း အရေးအခင်းတုန်းက လုပ်ထားတဲ့ ဓားတွေလို့သိရပါတယ်” ဟု ပြောကြားသည်။

ယခုအခါ ဖမ်းဆီးခံ၇သူ ၃ ဦးမည်သည့် နေရာသို့ ရောက်ရှိနေကြောင်းကို မသိ၇ကြောင်း ၎င်းက ပြောကြားသည်။

 နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က တိုက်ခိုက်မှု အတွင်း ကျောက်တော် အခြေစိုက် ၃၇၄ မှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ရန်နောင်ဝင်းနှင့် တပ်မတော်သားအချို့ကျဆုံးကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်၇သူ ခိုင်သုခကလည်း အတည်ပြု ပြောကြားသည်။

------------------------------

Unicode:



နိရဉ်စရာ၊ နို၀ငျဘာ ၁၅/၂၀၁၉










#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.