နိရဥ္စရာ၊ နိုဝင်ဘာ ၁၆/၂၀၁၉
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ မဟာနာယက ဒေါက်တာ အရိယာဝံသ အလိုတော်ပြည့် ဆရာတော်ကြီး၏ ဖခမည်းတော် ဦးညိုသာဇံ (သက်တော် ၁၁၁ နှစ်)သည် ၁၃၈၁ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်ကျော် (၂)ရက်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ဗဟုဒ္ဓဟူးနေ့ ညနေ (၆ နာရီ ၁၆ မိနစ်) အချိန်တွင် စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက်၌ ကွယ်လွန် အနိစ္စ ရောက်ပါသွားခဲ့ပါသည်။
ကြွင်းကျန်ရစ်သော သိမ်၊ ကျောင်း၊ ဇရပ်၊ ရဟန်းဒါယာကာ ဦးညိုသာဇံ ဥတု ဇရုပ်ကလပ်အား(၁၅-၁၁-၂၀၁၉) မှ (၁၈-၁၁-၂၀၁၉) ထိ တလားကြီးငယ် မြင်းဖောင်၊ ဆိုင်းဟန်၊ အငြိမ့်စသည်တို့ဖြင့် (၄)ရက်၊ (၄) ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ အရိုးပြာကျ ပူဇော်နေကြောင်း ဈာပန ကျင်းပရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဦးညိုသာဇံ စစ်တွေမြို့ ရဲနွယ်စုရပ်ကွက် မဏီပူ၇လမ်း အိမ်အမှတ် ၅၂ နေအိမ်တွင် နေထိုင်ပြီး ကွယ်လွန်ချိန်တွင် စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတွင် ကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ဇရုပ်ကလပ်ကို အလိုတော်ပြည့် ကျောင်းတိုက်တွင် ထားရှိပြီး အသုဘကမ္မဌာန်းစီးဖြန်းပွားများလျက်ရှိသည်ဟု သိ၇သည်။
ဦးညိုသာဇံ၏ ဈာပနအား နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဆင်ယင်ကျင်းပမည် ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များ အား ဖိတ်ကြားထားကြောင်း သိ၇သည်။
-----------------------------
Unicode:
နိရဉ်စရာ၊ နို၀ငျဘာ ၁၆/၂၀၁၉