ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၉/ ၂၀၁၉
၇ခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ထိပ်၀ပြင်ကျေးရွာမှ နေအိမ်ခြံဝင်းတစ်ခုထဲသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် အသက် (၅၀) ကျော် အရွယ် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။
ဒဏ်ရာရရှိသူ အမျိုးသမီးမှာ ဒေါ်အောင်ညွှန့်စိန်ဖြစ်ကြောင်း၊ လက်ရှိတွင် မြောက်ဦးဆေးရုံသို့ ရောက်ရှိနေကြောင်း သိ၇သည်။
ဒေါ်အောင်ညွှန့်စိန်၏ တူဖြစ်သူက “ လက်နက်ကြီးကျည်ကျတာက ညဉ့် ၁ နာရီခွဲမှာ ဖြစ်ပါတယ်။ အဲဒီ လက်နက်ကြီး ကျည်က အိမ်ခြံဝင်းထဲမှာရှိတဲ့ အုန်းပင်ခြေရင်းမှာ ကျရောက်ပေါက်ကွဲတယ်။ ကျည်စတွေက ပြတင်းမှန်တံခါးတွေ ကွဲအက် ဖေါက်ဝင်လာပြီး အိပ်နေတဲ့ ကျွန်တော် အဒေါ်ရဲ့ ခြေထောက်ကိုလာထိပါတယ်။ အိမ်ခေါင်မိုး တစ်ခုလုံးက ဇကာပေါက်ဖြစ်သွားပါတယ်။ ဒဏ်ရာရတာက ကျနော် အဒေါ်တစ်ယောက်တည်းပါ။ အခု မြောက်ဦးဆေးရုံကို ဓာတ်မှန်ရိုက်ဖို့ ရောက်နေပါတယ်။ ဒဏ်ရာက မပြင်းပေမယ့် ကျည်စက အသားထဲရောက်/ မရောက်ဆိုတာကို ဓာတ်မှန်ရိုက်ပြီးမှ သိ၇ပါတယ်။ မနက် ၁၁ နာရီမှ ဓာတ်မှန်ရိုက်ရပါမယ်” ဟု ပြောကြားသည်။
၎င်းလက်နက်ကြီးကျည်မှာ မည်သည့် အဖွဲ့အစည်းက ပစ်ခတ်သည်ဟု မသိရသော်လည်း လင်းမြွေတောင် အမြောက်စခန်းဘက်မှ လာသောလက်နက်ကြီးကျည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“ လင်းမြွေတောင်မှာ စစ်တပ် အမြောက်စခန်းရှိပါတယ်။ အဲဒီက လက်နက်ကြီးနဲ့ လက်နက်ငယ်တွေ ပစ်သံ ကြားရပါတယ်။ အနီးအနားရွာသားတွေပြောတာက အဲဒီက လာတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ညဉ့် အချိန်ဆိုတော့ ဘယ်သူပစ်တယ်ဆိုတာ တိတိကျကျ မပြောနိုင်ပါဘူး။ ဒါပေမယ့်လည်း တိုက်ပွဲတွေ ဖြစ်တာမရှိဘဲနဲ့ ညဉ့်အချိန်မတော် ပစ်ခတ်တာတွေကိုတော့ မလုပ်စေချင်ဘူး။ အခုလို ဖြစ်တော့ တစ်ရွာလုံး စိုးရိမ်နေကြ၇ပါတယ်” ဟု ၎င်းက ပြောကြားသည်။
မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ထိပ်၀ပြင်ရွာမှ အမျိုးသမီးတစ်ဦး ခြေထောက်တွင် လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရရှိသွားကြောင်း၊ လက်ရှိ မြောက်ဦးဆေးရုံသို့ ရောက်ရှိနေကြောင်း ပြောကြားသည်။
-------------------
Unicode:
နိရဉ်စရာ၊ နို၀ငျဘာ ၁၉/ ၂၀၁၉