ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြေပုံမြို့နယ် ယောချောင်းနှင့်ဂြင်းချောင်းကို ရဟတ်ယာဉ်ဖြင့် ထပ်မံပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.6k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၉/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်းနှင့် ဂြင်းချောင်းကို ယနေ့ နံနက် ၁၁ နာရီခွဲက ရဟတ်ယာဉ် နှစ်စီးဖြင့် ထပ်မံ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ တစ်ဦးက “ ဒီကနေ့ နံနက် ၁၁ နာရီခွဲက ရဟတ်ယာဉ်နဲ့ နှစ်စီးနဲ့ လာပစ်ပါတယ်။ ပစ်တဲ့နေရာ ကိုးဝ အဝန်းနဲ့ ကျွဲကျိုင်အဝန်းဖြစ်ပါတယ်။ ကျွဲကျိုင်နဲ့ ကျောက်ပန်းတူက နီးပါတယ်။ ဒါပေမယ့် ကျောက်ပန်းတူထိ မရောက်ပါ။ ခမောင်းနဲ့ ပိန္နဲပင်ကြီးတို့က တစ်ကြောတည်းပါ။ အဲဒီအနီးကို လာပစ်ပါတယ်။ ၅ မိနစ်လောက် လာပစ်ပါတယ်” ဟု ပြောသည်။

၎င်းနောက်ပိုင်းဂြင်းချောင်းအနီးဝန်းကျင်ကိုလည်း နေ့လယ် ၁၂ နာရီ ခန့်က လာရောက်ပစ်ခတ်ခဲ့သည်ဟု ပြောကြားသည်။ 

“  ဟင်းခရောသို့ မရောက်မီ ဂြင်းချောင်းကိုလည်း အခု နေ့လယ် ၁၂ နာရီမှာ ပစ်နေပါတယ်။ ရဟတ်ယာဉ်တွေဝဲနေတာကို ကျွန်တော်တို့ ရွာက မြင်ရပါတယ်။ သေနတ်သံတွေကိုလည်း ကြားနေရပါတယ်။ တိုက်ပွဲ ဖြစ်တာတော့ မရှိဘူး။ ဘာကြောင့် ပစ်နေတယ်ဆိုတာ အရပ်သားတွေ မသိနိုင်ပါဘူး” ဟု ပြောကြားသည်။

အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ယနေ့ နေ့လယ် ၁၂ နာရီ ၁ဝ မိနစ်က ဆက်သွယ်ရာ မအားသေးကြောင်း၊ နောက်မှ ပြန်ဆက်ပါဟု ပြောသဖြင့် ၎င်းတိုက်ခိုက်နေမှုနှင့် ပတ်သက်ပြီး တပ်ဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။ 

----------------------------------

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၁၉/ ၂ဝ၁၉






ဆက်စပ် သတင်းများ