Preview

ပေါက်တောတွင် မူဆလင်ဒုက္ခသည်စခန်းမီးလောင်၍ မိန်းကလေးနှစ်ဦးသေဆုံး

နိုဝင်ဘာ ၁၉/ ၂၀၁၉ | ကြည့်ရှုသူ :8466
ရခိုင် သတင်း

မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ နိုဝင်ဘာ ၁၉ / ၂၀၁၉

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း မူဆလင်ဒုက္ခသည်စခန်းတွင် ယနေ့နံနက် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွား၍ မိန်းကလေးငယ်နှစ်ဦး သေဆုံးသွားကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

သေဆုံးသွားသူမှာ အဆိုပါဒုက္ခသည်စခန်းရှိ အဆောင်အမှတ်(၂၉)၊ အခန်းနံပါတ် (၈)မှ မဂျီဒါဘီ (၁ နှစ် ၇ လ)နှင့် အခန်းနံပါတ် (၆)မှ မရှော်ဖီနီ (၄ နှစ်)တို့ဖြစ်ပြီး မီးလောင်မှုဖြစ်နေချိန်တွင် အခန်းအပြင်သို့ ထွက်မရောက်နိုင်ခဲ့သည့် အတွက် မီးလောင်ကျွမ်းသေဆုံးသွားခြင်းဖြစ်သည်ဟု ပေါက်တောမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက နိရဥ္စရာသို့ ပြောသည်။

"အဲဒီကလေးမလေးတွေက မီးလောင်တဲ့အချိန်မှာ ဟိုဆွဲ၊ ဒီဆွဲ ဆွဲရင်းနဲ့ အဲဒီကလေးမလေးတွေက ခြင်ထောင်ထဲက မထွက်နိုင်ဘဲနဲ့ အဲဒါကြောင့် ပါသွားတဲ့သဘောရှိတယ်"ဟု ဦးမျိုးမင်းထွန်းက ဆိုသည်။

မီးလောင်မှုဖြစ်စဉ်မှာ ဒုက္ခသည်စခန်းရှိ အဆောင်အမှတ်(၂၉)၊ အခန်းနံပါတ် (၉)မှစတင်ကာ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ဒုက္ခသည်စခန်းရှိ (၈)ခန်းတွဲ တန်းလျား နှစ်လုံး၊ (၁၅×၁၅×၁၀)ပေ(၁၃)လုံး၊ (၃၀×၃၀×၁၅)ပေ (၁)လုံး စုစုပေါင်း(၁၆)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးဒုက္ခသည် စုစုပေါင်း(၂၅၄)ဦးရှိခဲ့ကြောင်း သိရသည်။

"မီးဘေးဒုက္ခသည်တွေကတော့ လတ်တလော နီးစပ်တဲ့နေရာ၊ အခန်းတွေမှာပေါ့။ သူတို့အမျိုးတွေရှိတဲ့နေရာတွေမှာ အဲလိုပဲ နေကြတာပေါ့။"ဟု ပေါက်တောမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။

အဆိုပါမီးလောင်မှုကို ဒုက္ခသည်စခန်းရှိ အရန်မီးသတ်အဖွဲ့ ၂၅ ဦးက  ဝိုင်းဝန်းမီးငြိမ်းသတ်မှုကြောင့် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျပ် ၇၄ သိန်းဖိုးပျက်စီးဆုံးရှုံးသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည့် အဆောင်ပိုင်ရှင်အား အမှုဖွင့်အရေးယူထားသည်ဟုလည်း သိ၇သည်။

ဓာတ်ပုံ - Rakhine Fire Force

---------------------------

Unicode:











ဓာတျပုံ - Rakhine Fire Force

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.