ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့် မြေပုံမြို့နယ် ဟင်းခရော်ကျေးရွာဘက်မှ ဒေသခံများ ဆက်လက်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.6k

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂ဝ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဟင်းခရော်ကျေးရွာအနီးတွင် ယမန်နေ့က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် လေးကြိမ်တိတိ တိုက်ခိုက်ခဲ့သည့်အတွက် အနီးအနားရှိ ကျေးရွာသားများမှာ  ကြောက်လန့်ပြီး ရွာများကို စွန့်ခွာ ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။ 

ယနေ့နံနက်က ကမ်းထောင်းကြီးမြို့သို့ အိမ်ထောင်စု ၅ စု၊ကျား ၆ ဦး၊ မ ၇ ဦး၊ စုစုပေါင်း ၁၃ ဦး၊ ယမန်နေ့ ညနေပိုင်းက အိမ်ထောင်စု ၂၄ စု၊ ကျား ၃၄ ဦး၊မ ၁၄ ဦး စုစုပေါင်း ၄၈ ဦး ထွက်ပြေးရောက်ရှိလာကြကြောင်း စစ်ရှောင်များ အတွက် ကူညီပေးနေသူ ကိုအောင်ဝင်းမြင့်က နိရဥ္စရာသို့ပြောသည်။

“ရွာ ၄ ရွာက ထွက်ပြေးလာကြတာ ၆၁ ဦးရှိပါတယ် ။ဟင်းခရော်ဘက်ကတော့ များတယ်။ကျန်တဲ့ရွာတွေက အင်ကြင်း၊တညှင်း၊ နောက်ပြီးတော့ အိမ်ဦးတိုက် သူတို့က ကမ်းထောင်းကြီးမြို့ထက် မနေ့ကပဲရောက်နေကြတာ” ဟု ကိုအောင်ဝင်းမြင့်က ပြောသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှ ည ၁ဝ နာရီဝန်းကျင်အထိ ဟင်းခရော်ကျေးရွာအနီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် ရွာသားများမှာ ကြောက်လန့်ပြီး ညဉ့်အချိန်တွင် စက်လှေများဖြင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထွက်ပြေးလာသူများအား  ကမ်းထောင်းကြီးမြို့ရှိ ဘုရားကြီး(ခေါ်) လက်ဦးဆုတောင်း ပြည့်စေတီတော် အနီးတွင် နေရာချပေးထားကြောင်း၊ဆောင်းရာသီဖြစ်သည့်အတွက် အနွေးထည်နှင့် စောင်(ပုဆိုး)များ လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းအား ဆက်သွယ်မေးမြန်းရာ တိုက်ပွဲဖြစ်ပြီး  ရွာသားများ ထွက်ပြေးသည့် သတင်းကို ကြားသိရကြောင်း၊ မည်သည့်ကျေးရွာများသို့ ထွက်ပြေးသည်ကို မသိရှိရသေးကြောင်း ၎င်းက ပြောကြားသည်။

“တိုက်ပွဲဖြစ်တာကတော့ ကျွန်တော်ကြားပြီးပြီ။ အဲဒီမှာ ဟင်းခရော်ရွာတွေနဲ့ ဒီဘက်မှာ ယောချောင်း ရွာသာယာ ရွာရှိတယ်။ အဲဒီရွာနှစ်ရွာက ထွက်ပြေးကြတာရှိတယ်။ ဘယ်ရွာကို  စစ်ဘေးရှောင်ဘယ်လောက် ရောက်နေတယ် ဆိုတာ ကျွန်တော်မသိဘူး။ ရွာသာယာကတော့ အများအားဖြင့် မြေပုံကိုရောက်တယ်။ ဟင်းခရော် ကတော့ ကမ်းထောင်းကြီးကို ရောက်တယ်ဆိုတာ ကျွန်တော်ကြားတယ်။ ကမ်းထောင်းကြီး ရောက်တာတော့ ဖြစ်နိုင်တယ်”ဟု နိရဥ္စရာသို့ပြောသည်။

လက်ရှိ မြေပုံမြို့ပေါ်တွင် စစ်ဘေးရှောင်ဦးရေ ၄ဝဝ ကျော်ရှိနေကြောင်း၊နယ်ဘက်တွင်လည်း စစ်ဘေးရှောင် များ ကျေးရွာ အသီးသီးရှိနေကြောင်း၊ အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေသူများအထဲတွင် ရွာသာယာ၊ ယိုးဆနွင်း၊ ဟင်းခရော် ကျေးရွာတို့ ဖြစ်ကြကြောင်း ဦးဖေသန်းက ဆက်ပြောသည်။

----------------------------

Unicode:


နိရဉ်စရာ၊နိုဝငျဘာ ၂ဝ / ၂ဝ၁၉











ဆက်စပ် သတင်းများ