Preview

ARSA အလောင်း ၂လောင်း၊ အရှင် ၃ ဦး တပ်မတော်ဖမ်းမိ

နိုဝင်ဘာ ၂၂/ ၂၀၁၉ | ကြည့်ရှုသူ :3331
မှုခင်း သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ၂၂/၂၀၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ နံနက်ပိုင်းက ARSA အကြမ်းဖက် သောင်းကျန်းသူ အလောင်း နှစ်လောင်းနှင့် အရှင်သုံးဦး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ထားသည်။

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ARSAအကြမ်းဖက်အဖွဲ့များ ဝင်ရောက်လှုပ်ရှားလျှက်ရှိကြောင်း သတင်းအ၇ နိုဝင်ဘာလ ၂၁ နေ့ နံနက်ပိုင်း  ၉နာရီ ၁၀မိနစ်ခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများဆောင်ရွက်နေစဉ် အဆိုပါအကြမ်းဖက်အဖွဲ့မှ စတင်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာ၏ အနောက်ဘက် မီတာ ၄၀၀၀ခန့်အကွာ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများဟု ယူဆရသည့် မသင်္ကာဖွေရာ ဘင်္ဂါလီ ၈ဦးခန့်မှ သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမား အလောင်းအချို့နှင့် အရှင်အချို့လည်း ဖမ်းဆီး၇မိခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ပေါ်ပြထားသည်။

ထိုထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိသည့် ARSA ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများ၏ အလောင်း ၂ လောင်း၊ အရှင် ၃ ဦး၊ လက်နက်ခဲယမ်း၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းအချို့လည်း ဖမ်းဆီး၇မိခဲ့ပြီး ၄င်းပစ္စည်းများနှင့် ဖမ်းဆီရမိသည့် တရားခံများအား လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ရန် အောင်ဇူနယ်မြေရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ သူက “အဲဒီကိစ္စကျနော်မသိဘူးဗျ။ အဲဒါတပ်နဲ့ဖြစ်တဲ့ဟာ ကျနော်ဘာမှမသိဘူး” ဟု ပြန်လည်ဖြေကြားသည်။

ARSA ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများဖမ်းဆီးရမိခြင်းနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြရန် နိရဥ္စရာ သတင်းဌာနမှာ မောင်တောမြို့နယ် မြောက်ပိုင်း အောင်ဇူနယ်မြေ နယ်ခြားစောင့်ရဲကင်းစခန်းသို့ ဖုန်းဖြင့် နေ့လည် ၁၂ နာရီ ၅၇ မိနစ်ခန့်က ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရှိခဲ့ပါ။

 ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

---------------------------------

Unicode:









 ဓာတျပုံ - တပျမတျောကာကှယျရေး ဦးစီးခြုပျရုံး


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.