ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်မြောက်ပိုင်း ၂ နေရာခုတွင်တိုက်ပွဲဖြစ်၊တပ်မတော်မှ ရဟတ်ယာဉ်၂စီးဖြင့်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၂၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း နေရာ ၂ ခုတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AAတို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး တပ်မတော်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

နွားလားကျော် (လိုင်ဂွင်) ကျေးရွာသား တစ်ဦး ယနေ့ တပ်မတော်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သော နေရာမှာ လိုင်ဂွင်ကြီးချောင်းဖျားနှင့် သြရမချောင်းဖျား နေရာများဖြစ်ကြောင်း၊ ဒေသခံများက တောဖျားချောင်းဟု ခေါ်ကြောင်း ပြောကြားသည်။

“ ရဟတ်ယာဉ်နှစ်စီးနဲ့ ဒီကနေ့ နံနက် ၁၁ နာရီခွဲက တိုက်ခိုက်တာပါ။ တိုက်ပွဲဖြစ်ပွားတာက မနက်ကတည်းက ဖြစ်နေတာပါ။ ရဟတတ်ယာဉ်က ၁၁ နာရီကျော်မှ လာတာပါ။ ကျွန်တော်တို့မြင်ရတာက ရဟတ်ယာဉ်ကိုယ်ထည်မှာ အပြောက်အကျား မြင်ရပါတယ်။ နှစ်စီးတည်းပါ။ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက် ပစ်ပါတယ်” ဟု ၎င်းလိုင်ဂွင်ရွာသားက ပြောသည်။

ရဟတ်ယာဉ် နှစ်စီးဖြင့် တိုက်ခိုက်ပြီးနောက် ပြန်သွားသော်လည်း တိုက်ပွဲမှာဆက်ဖြစ်နေကြောင်း၊ လိုင်ဂွင်ကြီးချောင်းဖျားတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AAတို့အကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ ရက်ခန့်ရှိနေပြီဟု သိရသည်။

အလားတူ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာ နောက်ဖက် ဝံလှတောင်တန်း အနီးတွင် ယနေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်က စတင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံ ကျောက်ရံ ရွာသား တစ်ဦးက ပြောကြားသည်။

 “တိုက်ပွဲတော့ မနက်က ၁ဝနာရီကနေစပြီးဖြစ်တာပါ။ အမျက်တောင်ရွာဖက်ကနေ စျေးခေါင်းရွာဘက်သို့လာတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့ လမ်းမှာဖြစ်ကြတာပါ။ အခုတော့ပြီးသွားပါပြီ။ နောက်ထပ် လိုင်ဂွင်ချောင်း ထဲမှာလည်း ဒီနေ့မနက် ၈နာရီလောက်ကစပြီး ဖြစ်ကြတာ။ မြိုချောင်းဘက်မှာဖြစ်တဲ့တိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ် ၂ စီးနဲ့ အခုနားက နေစပြီး တိုက်နေပါတယ် ” ဟု ယနေ့နံနက် ၁၁ နာရီခွဲခန့်က နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ်  အမည်မဖော်လိုသူ ပြောသည်။

လိုင်ဂွင်ကျေးရွာအရှေ့ဘက် လိုင်ဂွင်ကြီးချောင်းထဲတွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ပြင်းထန်နေပြီး  ယနေ့နံနက်ပိုင်းက စတင်   ဆက်လက်ပြင်းထန်လျက်ရှိကြောင်း၊ တပ်မတော်ဘက်မှ ရဟတ်ယာဉ် ၂စီးဖြင့် တိုက်ခိုက်ခဲ့သော် တိုက်ပွဲမှာဆက်လက် ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေစိတ်အား မေးမြန်းတင်ပြရန် နောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဗိုလ်မှူးကြီး ဝင်းဇော်ဦးမှာ အစည်းအဝေးတက်နေသည်ဟု ကိုယ်ရေး အရာရှိတစ်ဦးက ဖုန်းလက်ခံပြီး ပြောကြားသွားသည်။

------------------------------

Unicode:











ဆက်စပ် သတင်းများ