Preview

စစ်တွေဆေးရုံကြီးတွင် တိုးချဲ့ (၄) ထပ် လူနာဆောင်သစ်ဖွင့်လှစ်

နိုဝင်ဘာ ၂၅/ ၂၀၁၉ | ကြည့်ရှုသူ :2968
ရခိုင် သတင်း

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၅ /၂၀၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး ခုတင် ၅၀ဝဆံ့ တိုးချဲ့ လေးထပ်လူနာဆောင် အဆောက်အဦသစ် ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။

ဖွင့်ပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းတို့ တက်ရောက်ခဲ့ပြီး  ဌာနဆိုင်ရာမှ  စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

ထိုလေးထပ်လူနာဆောင်ကို ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ (၃၃၄၀ ဒသမ ၃၂)သန်းဖြင့် (၂၀၁၆-၁ရ) ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊အဆောက်အဦ ဦးစီးဌာန၊အဆောက်အဦ အထူးအဖွဲ့(၁၄) မှတာဝန်ယူ ဆောက်လုပ်ခဲ့ပြီး (၂၀၁၈-၁၉)နှစ်တွင် ပြီးစီးခဲ့ရာ ယနေ့တွင် ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီးဆိုသော်လည်း ကုတင်(၃၅၀)သာ အသုံးပြုနိုင်ခဲ့သည့်အတွက် ယခု တိုးချဲ့ လူနာဆောင်ကို ဆောက်လုပ်ရခြင်းဖြစ်ပြီး ဖျားနာလူနာဆောင်၊မျက်စိလူနာဆောင်၊ အထူးကု ပြင်ပ လူနာဌာန တို့ကို ပြောင်းရွှေ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  စစ်တွေဆေးရုံအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါက်တာမိုးမြင့်ဝင်း က ပြောသည်။

“ခုတင် ငါးရာဆိုပေမယ့် လက်ရှိကျွန်တော်တို့ အသုံးပြုနိုင်တာက ၃၅၀ ပဲ။အဲအတွက် နောက်ထပ် ခုတင်ငါးရာပြည့်ဖို့ ၁၅၀ လိုတယ်။အဲအတွက် ကျွန်တော်တို့က ဒီဟာကို ဆောက်လုပ်ရတာ ဖြစ်တယ်။ အခုအဲဒီကိုပြောင်းမယ့် ဖျားနာဆောင်တို့၊ မျက်စိဆောင်တို့ဆိုတာက လူအင်အားနဲ့ သူ့ပစ္စည်းထဲက ဒီအတိုင်းရွှေ့သွားမှာ။ အဲဒီမှာက လိုတာတွေ အဲယားကွန်းတွေ အကုန်လုံး ထည့်ထားတယ်” ဒေါက်တာ မိုးမြင့်ဝင်းက ပြောသည်။

လက်ရှိဖွင့်လှစ်လိုက်သည့် လေးထပ်လူနာဆောင်တွင် ဓါတ်လှေကားနှစ်ခု၊ လူနာခန်း အများအပြား ပါရှိပြီး အခန်းတစ်ခန်းတွင် အဲယားကွန်းနှစ်လုံး၊ ရေခဲသေတ္တာ ၆ လုံး ကို တပ်ဆင်ထားသည်။

စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးကို ၁၈၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း အဆောက်အဦ အားလုံး နီးပါးပျက်စီးခဲ့ရာ စစ်ပြီးကာလ ၁၉၄၆ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ကြောင်း သိ၇သည်။

၁၉၅၉ ခုနှစ်တွင် ရှားမားပုံစံ (၇၅)ခုတင်ဆံ့ အဖြစ်လည်းကောင်း၊၁၉၆၄ ခုနှစ်တွင် ခုတင် (၁၅၀)ဆံ့အဖြစ်လည်း ကောင်း၊၁၉၇၅ ခုနှစ်တွင် ခုတင်(၂၀၀)ဆံ့ ပြည်နယ်ဆေးရုံကြီးအဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီးအဖြစ် ဖွဲ့စည်းပုံတိုးမြှင့်ခဲ့သော်လည်း ခုတင်(၃၅၀)သာ အသုံးပြုနိုင် မှုရှိခဲ့သည်။

-------------------------------------

Unicode:



နိရဉ်စရာ၊နို၀ငျဘာ ၂၅ /၂၀၁၉










#ကျန်းမာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.