Preview

အိုးထိန်းဆရာတော်နှင့် ရွာသားငါးဦးကို AA နှင့်ဆက်စပ်သည့် အထောက်အထားတွေ့ရှိဟုတပ်ဘက်ကပြော

နိုဝင်ဘာ ၂၅/ ၂၀၁၉ | ကြည့်ရှုသူ :589
ရခိုင် သတင်း

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၅

မြောက်ဦးမြို့နယ်၊အိုးထိန်းကျောင်းထိုင်ဆရာတော်အပါအဝင် ဖမ်းဆီးခံ အရပ်သား ငါးဦးကို စစ်ဆေးရာတွင် AA နှင့် ဆက်နွယ်သည့် အထောက်အထားများတွေ့ရှိရသည့်အတွက် အမှုဖွင့်အရေးယူနိုင်ရန် ရဲစခန်းကို လွှဲပြောင်းလိုက် ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်က ပြောသည်။

“ ရဲစခန်းကို လွှဲပြောင်းပေးတယ်ဆိုတာက ကျွန်တော်တို့က သူတို့ကို စစ်ဆေးလိုက်တဲ့အခါမှာ AA နဲ့ဟုတ်လား။ ဆက်စပ်မှုရှိတယ်။ သံသယဖြစ်ဖွယ်ရာတွေ တွေ့တဲ့အတွက်ကြောင့် အမှုတည်ဆောက်ပြီးတော့မှ တရားစွဲလို့ရအောင် ရဲကို လွှဲပေးလိုက်တာလေ။အဲဒါ ဂဃနဏ သိချင်ရင် ရဲကို မေးကြည့်လိုက်လေ။ AA သောင်းကျန်းသူနဲ့ ဆက်နွယ် ပတ်သက်နေတဲ့ အချက်အလက်တွေရတဲ့ အတွက်ကြောင့်မို့လို့ ဥပဒေအရ အရေးယူနိုင်ဖို့အတွက် ရဲကို လွှဲပေးလိုက်ပြီ။ ကျန်တာက တော့ ရဲရဲ့အပိုင်းပဲ” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက နိရဥ္စရာသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က အိုးထိန်းကျေးရွာ ဆရာတော် ဦးကဝိဓဇ၊ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစောထွန်းနှင့် ကားဒရိုင်ဘာ ကိုမြတ်မောင်သည် မြောက်ဦးမြို့နယ်၊လင်းမြွေတောင်အနီးတွင် တပ်မတော်စစ် ကြောင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့၇သည်။

၄င်းတို့ကို တပ်မတော်က ဖမ်းဆီး စစ်ဆေးပြီးနောက် နှစ်လကျော်အကြာ နိုဝင်ဘာလ ၂၃   ရက်နေ့တွင် ကျောက်တော်ကတစ်ဆင့် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အပြစ်မရှိဘဲဖမ်းဆီးထားသည့်အတွက် ဖမ်းဆီးခံထား၇သူများနှင့် ၄င်း၏အစ်ကို ဆရာတော်ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ကြောင်း အိုးထိန်းဆရာတော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျွန်မတို့ အစ်ကို ဦးဇင်းမှာ ဘာအပြစ်မှမရှိပါဘူး။ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရှိဘူး။ ကျွန်မအစ်ကိုကို ပြန်လွှတ်စေချင်ပါတယ်” ဟု အိုးထိန်းဆရာတော်၏ ညီမ မဆန်းနွယ်က နိရဥ္စရာသို့ ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းသည် AA နှင့်ဆက်စပ်မှု လုံး၀မရှိကြောင်း တူ၀ရီးတော်သူ ဦးစံအောင်သိန်းက ပြောသည်။

“ ၆ ရက်နေ့ ကျွန်တော်တို့ သွားတွေ့မယ်။ သူ့ကို လွှဲပြောင်းလိုက်တယ်ဆိုတဲ့ သတင်းကတော့ သိရပါတယ်။သူက အုပ်ချုပ်ရေးမှူးလုပ်တယ်။ လယ်လုပ်တယ်။ AA နဲ့ ဆက်စပ်မှုမရှိပါ”ဟု နိရဥ္စရာသို့ ပြောသည်။

လွှဲပြောင်းခဲ့သူထဲမှ ကျန်သည့်နှစ်ဦး၏ နာမည်နှင့် နေရပ်တို့ကို သိရှိရန် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းက စခန်းမှူး အောင်မြဦးကို ၄ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ်၊၄ နာရီ ၂၇ မိနစ်တွင် တစ်ကြိမ် ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ပြီး ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

------------------------

Unicode:


နိရဉ်စရာ၊နို၀ငျဘာ ၂၅










#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.