စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၉ /၂၀၁၉
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ဝါဝါထွန်းကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြုလိုက်ပြီဟု သိရသည်။
ယနေ့ပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး ဒုတိယနေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်း ဖြစ်သည်ဟု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက နိရဥ္စရာသို့ ပြောသည်။
“အတည်ပြုလိုက်တာ ဟုတ်ပါတယ်။သူ့မှာ ကန့်ကွက်သူမှ မရှိတာ။ကန့်ကွက်ဖို့ သူမရှိတော့ သူ့ကို အတည်ပြု ပေးရတာပေါ့” ဦးစံကျော်လှက ပြောသည်။
ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ကို နိုင်ငံတော် သမ္မတထံ ပေးပို့ပြီး အကြောင်းပြန်စာရောက်ရှိပါက ဒေါ်ဝါဝါထွန်းအား တရားသူကြီး ချုပ်အဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ဦးစံကျော်လှက ဆက်ပြောသည်။
“တာဝန်ထမ်းဆောင်ဖို့ ဆိုတာက ဒီလွှတ်တော်ရဲ့ သဘောတူညီချက်ကို ဒီကနေ့ ကျွန်တော်တို့က နိုင်ငံတော် သမ္မတဆီပို့မယ်။နိုင်ငံတော် သမ္မတဆီ ပို့ပြီးလို့ နိုင်ငံတော်သမ္မတ ဆီက အကြောင်းပြန်ပြီးလို့ ရောက်တယ်ဆို တာနဲ့ သူ့ကို ကျမ်းကျိန်မှာ။လွှတ်တော်ထဲမှာ ကျမ်းကျိန်ရမှာ သူက။ကျမ်းကျိန်ပြီးမှ တရားသူကြီး ဖြစ်မယ်” ဟု ဦးစံကျော်လှက ပြောသည်။
ဒေါ်ဝါဝါထွန်းသည် ၇ခိုင်ပြည်နယ် သံတွဲမြို့ ဇာတိဖွား အမျိုးသမီးတစ်ဦးဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင်း တရားရေး ဝန်ထမ်း အဆင့် ၄ အဖြစ် တာဝန်စတင်ထမ်းဆောင်ခဲ့သည်။စစ်တွေခရိုင်တရားရုံး၊ခရိုင်တရားသူကြီးအဖြစ် ၂၀၁၈ ခုနှစ် ဇွန်လအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမိန့်ကြေညာစာဖြင့် ခန့်အပ်တာဝန်ပေးခဲ့သည်။၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူ ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ပထမဆုံး အမျိုးသမီး တရားသူကြီးချုပ် ရာထူး ခန့်အပ်ခံ၇သူ အမျိုးသမီးတစ်ဦး ဖြစ်သည်။
-------------------------------------
Unicode:
နိရဉ်စရာ၊နို၀ငျဘာ ၂၉ /၂၀၁၉