သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားသူ ၁၃ ဦးကို အမ်းမြို့နယ်တရားရုံတွင် ရုံးထုတ်ရမန်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၉ / ၂ဝ၁၉

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် အမ်းမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသူ ၁၃ ဦးကို အမ်းမြို့နယ် တရားရုံးတွင် ယနေ့နံနက် ၁ဝ နာရီက ရုံးထုတ်ရမန်ယူခဲ့ကြောင်း သတင်းရရှိသည်။

ရုံးထုတ်ရမန်ယူခဲ့ရသူ ၁၃ ဦးမှာ အမ်းမြို့နယ်၊ ဂဏန်းပြင်အုပ်စု လောင်းချောင်းကျေးရွာမှ ဦးမောင်ဝင်းခင်၊ ဦးမောင်သန်းထွန်း၊ ကိုဇော်ဇော်သိန်း (ခ) ဇော်စေ့ကေ၊ ကိုမောင်မောင်ချေ၊ သလူမော်ကျေးရွာမှ ကိုသိန်းဇော်ထွန်း၊ ကိုဦးသန်း၊ ရူးကျေးရွာအုပ်စု ရူးကျေးရွာမှ ကိုထွန်းသိန်းဝင်း၊ မြေပုံမြို့နယ်၊ ကျောက်ဖျာအုပ်စု၊ မြတဲတောင်ကျေးရွာမှ ကိုတင်ချေသန်း၊ ယောချောင်း (ရွာသာယာ) ကျေးရွာမှ ဦးတင်မြင့်၊ ဦးမောင်သန်းမြင့်၊ ဦးခင်မောင်လေး၊ ဦးတင်မောင်ညွန့်၊ ဦးမောင်တင်မြင့်တို့ဖြစ်ကြောင်း သိရသည်။

၄င်းတို့ကို မြန်မာ့တပ်မတော်က နိုဝင်ဘာလ ၁၁ ရက်နေ့ ၅ ဦး၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ၄ ဦး၊၂၈ ရက်နေ့ ၄ ဦး အသီးသီးဖမ်းဆီးခဲ့သည်။

“အခုကတော့ ချုပ်ရမန်ပဲ ယူတာပေါ့နော်။ အဲဒီ ၁၃ ယောက်က တစ်ရက်တည်း စုဖမ်းတာမျိုး မဟုတ်ပါဘူး။ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းထားတာပါ။ ဒီထဲက တချို့က သွားလာနေရင်း စစ်ဆေးပြီး ဖမ်းတာတွေ ပါတယ်။ ဘယ်ပုဒ်မနဲ့ တရားစွဲလာမလဲ ဆိုတာကို ကျွန်တော်တို့ အတိကျတော့ မပြောနိုင်ဘူး” ဟု အဆိုပါ ၁၃ ဦးအား လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးလွင်က နိရဥ္စရာသို့ ပြောသည်။

ထိုသို့ ဖမ်းဆီးခံရပြီး နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၁ဝ ဦး၊နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက ၄ ဦးကို တပ်မတော်က အမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည့်အတွက် ၁၃ ဦးသာ ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။

“ကျွန်မယောက်ကျားက တခြားရွာကို သွားရင်း လမ်းမှာအဖမ်းခံရတာပါ။ အမြန်ဆုံးလွတ်ပေးစေချင်ပါတယ်။ အခုလိုမျိုး အပြစ်မရှိဘဲတော့ ဖမ်းမထားစေချင်ပါဘူး။ အခုလိုမျိုးဖမ်းဆီးထားတော့ ကျွန်မတို့ တကယ် အဆင် မပြေပါဘူး။ စားဝတ်နေရေးကလည်း သူရှိမှ ဖြစ်မှာမို့လို့ပါ” ဟု ဖမ်းဆီးခံထားရသည့် ကိုတင်ချေသန်း၏ ဇနီး မဖြူဖြူဝင်းက နိရဥ္စရာသို့ ပြောသည်။

၄င်းတို့ ၁၃ ဦးအား လာမည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် ရုံးချိန်းပေးလိုက်သည်ဟု ကူညီဆောင်ရွက်ပေးနေသူ အထက်တန်းရှေ့နေ ဦးနေလင်းအောင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့မ စခန်းမှူးကို ဆက်သွယ်မေးမြန်းရာ”ကျွန်တော့်မှာ ပြောပိုင်ခွင့်မရှိဘူး”ဟု ပြောဆိုသည်။

---------------------------------

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၂၉ / ၂ဝ၁၉









ဆက်စပ် သတင်းများ