ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရသေ့တောင် အငူမော်ကုန်တန်းတွင် မိုင်းပေါက်၍ ၁၄ နှစ်အရွယ်လူငယ် ၁ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၃ဝ/ ၂ဝ၁၉

ရခိုင်ပြည်နုယ် ရသေ့တောင်မြို့နယ် အငူမော် ကုန်တန်း ကျေးရွာအနီး ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က မိုင်းပေါက်ကွဲ၍ ၁၄ နှစ်အရွယ်လူငယ် တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ အငူမော် (ကုန်တန်း) ကျေးရွာနေ ဦးဝင်းမောင်ချေနှင့် ဒေါ်မတင်မြတို့၏သား မောင်ကျော်သက်ဦး (၁၄) နှစ်ဖြစ်ပြီး ၄င်းမှာ နွားကျောင်းသွားရင်း မိုင်းပေါက်ကွဲသေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က နွားကျောင်းသွားရင်း ရွာရဲ့အပြင်ဘက်မှာ မိုင်းပေါက်ကွဲတာပေါ့နော်။ ကျွန်တော်ထင်တာကတော့ မိုင်းလက်ကျန်တွေ နေပူပြင်းတော့ ပေါက်ကွဲသွားတယ်လို့ ထင်တယ်” ဟု အငူမော်ကျေးရွာမှ ယာယီအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်လင်းဌေးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းဖြစ်စဉ်ကို ရသေ့တောင်မြို့နယ် လောင်းချောင်းရဲစခန်းတွင် အမှူဖွင့်တိုင်တန်းထားကြောင်း သိရသည်။

“သူက ၈ တန်းက ကျောင်းထွက်ထားတယ်။ နွားကျောင်းသွားရင် ရွာပြင်မှာ ဖြစ်တာပါ။ မိုင်းပေါက်ပြီး အခုလိုဖြစ်သွားတာပါ။ ကျွန်တော်လည်း ရဲစခန်းမှာ တိုင်ထားပါတယ်။”ဟု ဦးအောင်မင်းဌေးက နိရဥ္စရာသို့ ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကလည်း မိုင်းပေါက်ကွဲပြီး အငူမော် ကုန်းတန်းမှ လူငယ် တစ်ဦးသေဆုံးသွားခြင်းကို အတည်ပြုပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သေဆုံးသူ၏ မိသားစုဝင်များနှင့် ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း မိသားစုများ ဝမ်းနည်း ပူဆွေးနေကြသဖြင့် အဆက်သွယ်လုပ်၍ မရရှိခဲ့ပါ။

-------------------------------

Unicode:


နိရဉ်စရာ၊ နိုဝငျဘာ ၃ဝ/ ၂ဝ၁၉








ဆက်စပ် သတင်းများ