Preview

“မလုပ်ချင်၍ နုတ်ထွက်” ဟု ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးဆို

နိုဝင်ဘာ ၃၀/ ၂၀၁၉ | ကြည့်ရှုသူ :9610
ရခိုင် သတင်း
စိုးဇံအောင်

နိရဥ္စရာ ၊ နိုဝင်ဘာ ၃၀ / ၂၀၁၉

ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးရာထူးမှ နုတ်ထွက်ခြင်းမှာ မလုပ်ချင်၍ နုတ်ထွက်ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦးသိန်းအောင်က ပြောဆိုသည်။

ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးသိန်းအောင်ကို ယင်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့် ပြုလိုက်သည်ဟု အမိန့်ကြေညာစာအမှတ် ၄၉ /၂၀၁၉ ကို နိုဝင်ဘာလ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ထုတ်ပြန်သည်။

ထိုနုတ်ထွက်ခြင်းနှင့် ပတ်သက်ပြီး နိရဥ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းစဉ် ဦးသိန်းအောင်က
“နုတ်ထွက်စာကို နိုဝင်ဘာလ ၂၇ ရက်နေ့က တင်လိုက်တာ။ မလုပ်ချင်တော့လို့ နုတ်ထွက်စာတင်လိုက်တာ” ဟု ပြောဆိုသည်။

သမ္မတ၏ အမိန့်ကြေညာစာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၁၂၊ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၄၉၊ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ  ရခိုင်ပြည်နယ်၊တရားလွှတ်တော် တရားသူကြီး ဦးသိန်းအောင် ကို ယင်း၏ သဘောဆန္ဒအလျောက် ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ ၉ ရက်နေ့မှစ၍ ရာထူးမှ နှုတ်ထွက်ခွင့် ပြုလိုက် သည်ဟု ပါရှိသည်။

ဦးသိန်းအောင်သည် စစ်တွေမြို့၊ဘောင်းဒွတ်သားစုရပ်ကွက် ဇာတိဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် စစ်တွေမြို့ အထက(၂)မှ အထက်တန်းအဆင့် အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို ဆက်လက် တက်ရောက်ခဲ့ပြီး တက်ရောက်ခဲ့ပြီး ၁၉၇၉ တွင် (B.A Law )ဖြင့် ဘွဲ့ရရှိခဲ့သည်။

၁၉၈၀ ခုနှစ်တွင် တပ်မတော်ထဲဝင်ရောက်ခဲ့ပြီး  ဒုတိယဗိုလ်မှူးကြီး လက်ထောက်ဆေးဥပဒေချုပ် အဖြစ် ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။တပ်မတော်တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့၊ နာဆာတက္ကသိုလ်မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ( International Humanitarian Law)ဘွဲ့လွန် ဒီပလိုမာ ရရှိခဲ့သည်။

ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ရာထူးတာဝန်ကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့က တာဝန်ထမ်းဆောင်ခဲ့ရာ လက်ရှိတွင် ၉ နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။

ဦးသိန်းအောင်ကို နှုတ်ထွက်ခွင့်မပြုမီ တစ်ရက်အလို  နိုဝင်ဘာလ ၂၈ ရက်နေ့က  ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ဝါဝါထွန်းကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် အဆိုတင်သွင်းရာ ရခိုင်ပြည်နယ် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

----------------------------------

Unicode:

နိရဉ်စရာ ၊ နို၀ငျဘာ ၃၀ / ၂၀၁၉









#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.