ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အသက်(၇ဝ)အထက် သက်ကြီးစာရေးဆရာပူဇော်ပွဲ စစ်တွေတွင်ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.5k

နောင်ခိုင်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁/ ၂ဝ၁၉

စစ်တွေမြို့နယ်မှ အသက်(၇ဝ)နှင့်အထက် သက်ကြီးစာရေးဆရာများ ပူဇော်ပွဲကို လာမည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် အဖြစ် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ကြီးစာရေးများ ပူဇော်ပွဲကို စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်က ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်းတွင် သက်ငယ်စာရေးဆရာများနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ ပြုလုပ် သွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး လေးဝတီထွန်းစောခိုင်က ပြောသည်။

“ စာဆိုတော်လဖြစ်တဲ့ နတ်တော်လမှာ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့ မှာ ကျင်းပမှာ ဖြစ်ပါတယ်။ စာဆိုတော်လမှာ သက်ကြီးစာရေးဆရာတွေကို ပူဇော်ကန်တော့ရတာဟာ ကောင်းမွန်တဲ့ အမွေအနှစ် တစ်ခု အဖြစ်ခံယူပါတယ်။ အခု အပူဇော်ခံမယ့် အသက်ခုနှစ်ဆယ်အထက် သက်ကြီး စာရေးဆရာ တွေကတော့ (၁၈)ယောက်စာရင်းရထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ၁ဝ ယောက်ပါ။ ကျနော်တို့ စာရေးဆရာတွေ၊ စာပေ ဝါသနာရှင်တွေ စာချစ်သူတွေစုပေါင်းပြီး လုပ်ကြတာပါ” ဟု ဆရာ လေးဝတီထွန်းစောခိုင်က ပြောသည်။

လွန်ခဲ့သည့် နှစ်က အသက် (၇၅)နှစ်နှင့်အထက် စာရေးဆရာများကို ပူဇော်ကန်တော့ခဲ့ပြီး ယခုနှစ်တွင် အသက်(၇ဝ)နှစ်နှင့် အထက် စာရေးဆရာများကို ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ကြီးစာရေးဆရာ ဆရာဗဂျီးကျော်က " ဒီလိုသက်ကြီးစာရေးဆရာ ပူဇော်ပွဲမှာ ပါဝင်ပြီးတော့ကန်တော့ခံရတဲ့ အတွက် ဘာပဲဖြစ်ဖြစ် စစ်တွေမြို့က စာရေးဆရာတွေ ဂုဏ်လည်းတက်တယ်။ ပြီးတော့ သက်ငယ်စာရေးဆရာ တွေလည်း ကုသိုလ်ရတယ်။ သက်ကြီးစာရေးဆရာတွေလည်း ဝမ်းသာပီတိဖြစ်ရတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ သက်ကြီးစာရေးဆရာပူဇော်ဖြစ်ပါတယ်" ဟု ပြောသည်။

ကန်တော့ခံ သက်ကြီးစာရေးဆရာများသည် စစ်တွေမြို့တွင် နေထိုင်သူများဖြစ်ရမည်ဖြစ်ပြီး လက်ရှိစာပေ အသိုင်းအဝန်းနဲ့ နီးစပ်နေသူများဖြစ်ရမည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီက ပြောသည်။

လက်ရှိတွင် သက်ကြီးစာရေဆရာများကို အဆင်ပြေပြေပူဇော်ကန်တော့နိုင်ရန်အတွက် အလှူငွေများကောက်ခံခြင်း၊ ဖိတ်စာနှင့် နှိုးဆော်လွှာများ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်နေကြကြောင်း သိရှိရသည်။

-----------------------------

Unicode


နိရဉ်စရာ၊ ဒီဇငျဘာ ၁/ ၂ဝ၁၉
 







ဆက်စပ် သတင်းများ