ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မအီမြို့အနီး သေနတ်ပစ်ခတ်သံများထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ တောင်ဘက် (တောင်ကုတ်နှင့် လမူးအကြား) မှ သေနတ်ပစ်ခတ်သံများကို ယနေ့ ညနေ ၄ နာရီကျော် အချိန်က ကြားခဲ့ရသဖြင့် ဒေသခံများအကြား စိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

“ လက်နက်ကြီးသံ နှစ်ချက်ကြားရတယ်။ နောက်ထပ် လက်နက်ငယ် ပစ်ခတ်သံအနည်းငယ်ကြားရပါတယ်။ ကြားရတဲ့ နေရာက မအီနဲ့ လမူးအကြားက ဖြစ်ပါတယ်။ ဒေသခံတွေ ခေါ်တာက အထက်တောင်၊ စပါးအုပ်ကွင်းလို့ခေါ်တယ်။ ညနေ လေးနာရီကျော်ကျော်လောက်မှာ ဖြစ်တာပါ” ဟု မအီဒေသခံ ကိုကျော်ခင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး သတင်းအတိအကျ  မသိရကြောင်း၊ ယင်းနေရာကို လမ်းပိတ်ထားသဖြင့် မသွားလာရရာမှ အတိအကျ သိရှိရန် ခက်ခဲနေကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားခြင်းမှာ မှန်ကန်ကြောင်း ၎င်းက ပြောဆိုသည်။

“ အဝေးပြေးကားသမားတွေက ပြောတာက ပေါက်သံ တစ်ခု ကြားပီးရင် လှမ်းပစ်တယ်လို့ ပြောတယ်။ ကားသမားတွေက ထွက်ပြေးလာတယ်။ အတိအကျ ပြောရဖို့ ခက်တယ်။ သတင်းအတိအကျ မနက်ဖြန်မှ သိရမယ်။ သေနတ်သံတွေက မအီက ကြားရပါတယ်။ အကြီး ၂ ချက်၊ အငယ်ကတော့ ပစ်တော့ ပစ်တယ်။ ကား အသွား အလာတွေ ပိတ်ထားတယ်။ အလုပ်သမားတွေလည်း မသွားရဘူး။ အခုတော့ ညနေပိုင်းမှာတော့ ကားလမ်း ပြန်ပွင့်သွားပြီလို့ သိရတယ်။ မအီမြို့ကလူတွေက အစပိုင်းမှာ တုန်လှုပ်သွားတယ်။ လောလောဆယ် မှာတော့ တည်ငြိမ်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မအီမြို့သည် အမ်းမြို့မှ တောင်ဘက် ၄၂ မိုင်အကွာတွင် တည်ရှိပြီး တောင်ကုတ်မြို့နယ်တွင် တည်ရှိသည်။

-----------------------------------------

မအီမွို့အနီးမှ သနေတျပစျခတျသံမြားထှကျပျေါ

နိရဉ်စရာ၊ ဒီဇငျဘာ ၁/၂ဝ၁၉






ဆက်စပ် သတင်းများ