Preview

မအီမြို့တွင် လူသုံးဦး အဖမ်းခံရ

ဒီဇင်ဘာ ၀၂/ ၂၀၁၉ | ကြည့်ရှုသူ :4046
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂/ ၂၀၁၉

၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့အနီး ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လူ ၃ ဦးဖမ်းဆီးခံခဲ့ရသည်။

၎င်းသုံးဦးအား စစ်တပ်မှ မအီရဲစခန်းသို့ လွဲပြောင်းပေးလိုက်သည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုကျော်ခင်က ပြောသည်။

ဖမ်းဆီးခံရပြီးနောက် လွဲပြောင်းခံ၇သူ သုံးဦးမှာ မအီမြို့ အမှတ် (၁) ရပ်ကွက်မှ ကိုစောနိုင်၊ အမှတ်(၄)ရပ်ကွက်မှ ကိုပြည့်ကျော်ဟိန်း (၃၀) နှစ်နှင့် ကိုရဲဝင်းနိုင် (၃၅) နှစ်တို့ ဖြစ်ကြသည်ဟု သိရသည်။ 

“ သူတို့အခု ရဲစခန်းမှာရှိပါတယ်။ သူတို့ မသင်္ကာမှုနဲ့ ဖမ်းတယ်လို့ ကြားရပါတယ်။ အဖမ်းခံရတာက စံကားချောင်းအနီးမှာ အဖမ်းခံရတယ်လို့ သိရပါတယ်။ ကိုစိုးနိုင်ကိုတော့ တစ်ယောက်တည်းသွားနေရာက ဖမ်းတယ်။ ပြည့်ကျော်ဟိန်းကိုတော့ ဆိုင်ကယ်နဲ့ သွားရာမှာ ရပ်ခိုင်းတာ မရပ်တဲ့ အတွက် အရှိန်လွန်သွားလို့ ဖမ်းတယ်။ ရဲဝင်းနိုင်ကိုတော့ သူမွေးထားတဲ့ ဆိတ်တွေကို လိုက်နေစဉ် ဖမ်းတယ်လို့ ဒီလိုပဲ ကြားရပါတယ်။ အခု မအီအချုပ်မှာထားပါတယ်” ဟု ကိုကျော်ခင်က ပြောသည်။

လူသုံးဦးဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ရန် မအီရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလိုင်းမအားဟု အကြောင်းပြန်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

ယမန်နေ့ ညနေ ၄ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဆိုသည့် နေရာအနီးသို့ ယနေ့ နံနက်က သွားရောက်လေ့လာရာတွင် အနီးအနားရှိ အမျိုးသမီး တစ်ဦးက  စံကားချောင်းတံတားတွင် စစ်တပ်ကားမှ တံတားထိပ်တွင် ရှိနေသည့် ကုန်ကားနှစ်စီးကို ရှောင်ပေးပြီး ကားနှစ်စီးလွန်သည်နှင့် သေနတ်ငယ်ပစ်သံများကို ကြားခဲ့ရသည်ဟု ပြောဆိုကြောင်း ၎င်းက ပြောကြားသည်။

“ အဲဒီနားမှာ လမ်းခင်းဖို့ ကျောက်ပုံ နှစ်ပုံရှိတယ်။ မိုင်းပေါက်တဲ့ အနေအထားမျိုး မဲကျန်နေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ကျောက်တွေ ပွင့်ထွက်သွားတာကို မတွေ့ရဘူး။ ပထမ စစ်ကားတစ်စီးလာပြီး ပေါက်ကွဲသံ တစ်ခု ကြားရတယ်။ အဲဒီနောက် ကားတွေ ရောက်လာပြီး ပစ်သံကြား၇တယ်လို့ ပြောပါတယ်။ အနီးအနားက လူတွေလည်း ဘာဖြစ်တယ်ဆိုတာကို တိတိကျကျ မသိကြဘူး။ သေနတ်ပစ်သံလောက်ကိုဘဲ ကြားကြတယ်။ သူတို့က အဲသလိုဘဲ ပြောကြပါတယ်” ဟု ၎င်းက ပြောဆိုသည်။

-------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၂/ ၂၀၁၉








#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.