မြောက်ဦးတွင် မြိုတိုင်းရင်းသား လူငယ် ၃ ဦး လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရ


ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂/ ၂ဝ၁၉

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်မြောက်ဘက်၊ ရမ်းချောင်းဖျား၊ ရန်အောင်ပြင်အုပ်စု၊ နလိပ်မြိုတိုင်းရင်းသား ကျေးရွာမှ ရွာသား ၃ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ မစန္ဒာဝင်း (၂၂) နှစ် (ဘ) ဦးမောင်သာခိုင်၊ ဦးဘထွန်း (၁၈)နှစ် (ဘ) ဦးမောင်မြင့်လှိုင်နှင့် မနန္ဒာမိုး (၁၃) နှစ် (ဘ) ဦးသာထွန်းမောင်တို့ ဖြစ်ကြသည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

မစန္ဒာဝင်းတွင် လက်မောင်းနှင့် လည်ပင်းတွင် ဒဏ်ရာရှိခဲ့ပြီး ဦးဘထွန်းတွင် လက်မောင်းတွင် ထိမှန်ခဲ့ကြောင်း၊ မနန္ဒာမိုးတွင် လက်မောင်းနှင့် ခါးတွင် ကျည်စထိမှန်ခဲ့သည်ဟု သိရသည်။

ယနေ့ နံနက်မှ နေ့လယ်ပိုင်းထိ ရမ်းချောင်းဖျားတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး ၎င်းအမြောက်ကျည်မှာ နေ့လယ် ၁၂ နာရီခန့်က  ရွာထဲကျရောက်ပေါက်ကွဲရာမှ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်ဟု ပြောကြားသည်။

၎င်းတို့သုံးဦးအား စက်တပ်လှေဖြင့် ကျီရာပြင်ရွာသို့ ယူဆောင်လာနေပြီး ၎င်းမှ တစ်ဆင့် မြောက်ဦးဆေးရုံသို့  ရွှေဂရုဏာကားဖြင့် ပို့ဆောင်မည်ဟု သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့လည်း မြောက်ဦးမြို့နယ် ရှာရှည်ပြင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာမှ ကလေးငယ် သုံးဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

---------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၂/ ၂ဝ၁၉







Share: