Preview

ရခိုင်မှစစ်ဘေးရှောင်ဒုက္ခသည်များ အားတင်းထားကြရန် အဆိုတော်ဖော်ကာအားပေးစကားဆို

ဒီဇင်ဘာ ၀၂/ ၂၀၁၉ | ကြည့်ရှုသူ :3167
ရခိုင် သတင်း

နီမင်းထွန်း
နိရဥ္စရာ ၊ ဒီဇင်ဘာ ၂ /၂၀၁၉

ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်ဒုက္ခသည်များကို အားတင်းထားရန် အဆိုတော် ဖော်ကာက အားပေးစကား ပြောဆိုခဲ့သည်။

စစ်တွေမြို့၊ ခိုင်သဇင်ခန်းမတွင် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေ့လယ် ၂ နာရီခန့်မှ ညနေ ရ နာရီခန့်အထိ WANTED Private Show အပြီးတွင် ပြောခဲ့ခြင်းဖြစ်သည်။

အဆိုတော် ဖော်ကာ က “ပါးစပ်ကပြောနေတာထက် ကျနော်လုပ်နိုင်သလောက် လုပ်ပေးနိုင်တဲ့အတွက် ပီတိ ဖြစ်ရပါတယ်။ ဒါကတော့ ဘယ်သူမဆိုပဲလေ။ ကိုယ့်လူမျိုးတွေ၊ ကိုယ့်အမျိုးတွေ ဒုက္ခရောက်နေတော့ ဘယ်စိတ်ကောင်းပါ့မလဲ။ အဲဒီအတွက်လည်း အားတင်းထားကြပါလို့ပြောချင်ပါတယ်။”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၉ သောင်းကျော် အထိမြင့်တက်လာနေပြီး ၄င်းတို့၏ စားဝတ်နေရေးများ အလွန်တရာအခက်အခဲဖြစ်နေကြသည်ဟု ရခိုင်အရပ်ဘက် အဖွဲ့အစည်းများမှ သိရသည်။

ရခိုင်ရှိ စစ်ဘေးဒုက္ခသည်များအတွက် တစ်ထောင့်တစ်နေရာကပါဝင်ကူညီနိုင်ရန်အတွက် အဆိုတော်ဖော်ကာက စစ်တွေတွင် သူ၏ Private Show ကို လာရောက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုတော် ဖော်ကာက “ကျနော် ငယ်ငယ်ကတည်းက လုပ်ချင်တဲ့အတွက်၊ ပြီးတော့ ကိုယ့်မြို့ ကိုယ့်ရွာမှာ လုပ်ချင် နေတာကြာပြီဗျ။ ဒါကြောင့် မဖြစ်ဖြစ်အောင်ကို လုပ်တာပါ။ အရမ်းကိုပျော်ပါတယ်။ ဒီပွဲကရတဲ့ ပိုက်ဆံတွေကိုလှူမှာပါ။ ဟိုနေ့ကလည်း လှူထားပါတယ်။ မနေ့ကလည်း လက်မှတ်ရောင်းရတဲ့အတွက် ထပ်ပြီးလှူမယ်လို့ ပြောလိုက်တာပါ။ ဒါကလည်း လှူချင်လို့ လှူတာပါ ”ဟု  နိရဥ္စရာသတင်းဌာကိုပြောသည်။

၄င်း Show တွင် အဆိုတော် ဖော်ကာနှင့်အတူ အဆိုတော် ညီမင်းခိုင်၊ အဆိုတော် L ကိုလင်း အပါအဝင် WANTED Band အဖွဲ့သားတို့က သီဆိုဖျော်ဖြေခဲ့ကြပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ပရိသတ်ဦးရေ ၅၀၀ ကျော်ခန့် လာရောက်အားပေးခဲ့သည်။

------------------------------

Unicode:


နိရဉ်စရာ ၊ ဒီဇငျဘာ ၂ /၂၀၁၉










#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.