Preview

မြောက်ဦးတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ၃ ဦးသေ၊ ၄ ဦး ဆေးရုံရောက်

ဒီဇင်ဘာ ၀၂/ ၂၀၁၉ | ကြည့်ရှုသူ :10578
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂/၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် အလယ်ဈေးရပ်ကွက် ချင်းပျံတောရွာထဲတွင် ယနေ့ ညနေ ၄ နာရီကျော်ခန့်က လူအုပ်ထဲ လက်နက်ကြီးကျည်ကျ၍ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ၄ ဦးဒဏ်ရာရရှိပြီး ဆေးရုံကို ပို့ဆောင်လိုက်ရသည်ဟု သတင်းရရှိသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ သေဆုံးနေသည်ကို ကိုယ်တိုင်မြင်တွေ့၇သည့် အမျိုးသမီး တစ်ဦးက သေဆုံးသူအမျိုးသမီးမှာ မနုနုဝင်း (၂၃) နှစ်ဖြစ်ပြီး ၅ လအရွယ်မိန်းခလေးငယ် တစ်ဦးနှင် ယောကျာ်းကလေး တစ်ဦးတို့ ဖြစ်ကြောင်း ပြောဆိုသည်။

“ လက်နက်ကြီးကျည်က ချင်းပျံတောရွာရဲ့ လမ်းပေါ်မှာ ကျပါတယ်။ ကျွန်မတို့ အိမ်ခေါင်းမိုးကိုလည်း လာထိတော့ အိမ်အောက်ဆင်းကြည့်တော့ လူတွေ အပုံလိုက်လဲနေတာကို တွေ့၇ပါတယ်။ သွေးအိုင်တွေထဲမှာ ပုံနေပါတယ်။ ကျွန်မလည်း မူးသွားပြီး မကြည့်ဝံ့ဖြစ်သွားပါတယ်။ လမ်းတစ်ခုလုံး အဲဒီကထွက်တဲ့ မီးခိုတွေနဲ့ ချုပ်သွားပါတယ်။ သေတာက အမျိုးသမီး တစ်ယောက်၊ ကလေးနှစ်ယောက်ပါ” ဟု ပြောကြားသည်။

သေဆုံးသူမှာ နွယ်နွယ်ဝင်းဖြစ်ပြီး၊ နောက်ထပ် သေဆုံးသူမှာ ၅ လအရွယ် မိန်းခလေးငယ် ဖြစ်ကြောင်း၊ ၎င်းကလေးငယ်အမေလည်း ဒဏ်ရာရရှိသွားပြီး ဆေးရုံကို ပို့ဆောင်လိုက်ရကြောင်း၊ နောက်ထပ် ကလေးငယ် တစ်ဦးလည်း သေဆုံးကြောင်း၊ ဘယ်ကလာသည့် လက်နက်ကြီးကျည်ဆိုသည်ကို မသိကြောင်း သူမက ဆက်လက် ပြောကြားသည်။

မြောက်ဦးခရိုင် ဆရာဝန်ကြီးသို့ ဆက်သွယ်ရာ သေဆုံးသူ ၃ ဦးဖြစ်ကြောင်း၊ ၄ ဦးဒဏ်ရာရရှိခဲ့ပြီး ယင်းအထဲမှ တစ်ဦးမှာ စိုးရိမ်၇ကြောင်း ပြောဆိုသည်။

“ သေတာက သုံးဦးပါ။ ၄ ဦးက ဒဏ်ရာရပါတယ်။ တစ်ဦးကတော့ ပြင်းပါတယ်။ ကျန်သုံးယောက်ကတော့ စိုးရိမ်စရာမရှိပါဘူး” ဟု ပြောဆိုသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ၎င်းရပ်ကွက်အတွင်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ။

--------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၂/၂၀၁၉









#စစ်ဒဏ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.