စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တပ်ကခေါ်ဆောင်သွားသူ ရွာသားနှစ်ဦးနှင့် အဆက်အသွယ်မရသည်မှာ ၆ ရက်ခန့်ရှိနေပြီဖြစ်၍ မိသားစုများ စိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၄/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သပြေကန် ကျေးရွာအနီး နိုဝင်ဘာ ၂၉ ရက်နေ့က စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ နှစ်ဦးမှာ ၆ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ နှစ်ဦးမှာ မင်းပြားမြို့၊ ဦးစောတင့်ရပ်ကွက်မှ ဦးစိန်ဝင်းမောင် (၄၁) နှစ် (ဘ) ဦးမောင်စောညွှန့်နှင့် မြောက်ဦးမြို့နယ် သပြေကန် ကျေးရွာမှ အသက် ၆ဝ အရွယ် ဦးဆိတ်ဖားချေတို့ ဖြစ်ကြသည်။

ဦးစိန်ဝင်းမောင်၏ ဇနီးဖြစ်သူ ဒေါ်မတင်ဝင်းက ယနေ့ နံနက် ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားရာတွင် စစ်တပ်က ခေါ်ယူသွားပြီးနောက် သူ့ယောက်ျား ပျောက်ဆုံးနေသည်မှာ ၆ ရက်ရှိနေပြီ ဖြစ်သဖြင့် အထူးစိုးရိမ်နေကြောင်း ပြောကြားသည်။

“ ကျွန်မ ယောကျ်ားက သံတိုသံစတွေနဲ့ ဘက်ထရီအိုး အဟောင်းတွေ ဝယ်နေသူပါ။ အဲဒီကနေက တိမ်ညို ကျေးရွာအနီး သပြေကန်ရွာထိပ်က ၅၅ တပ်ကနေ ဖမ်းခေါ်သွားတယ်လို့ ကျွန်မကိုယ်တိုင် သွားရောက် စုံစမ်းပြီး သိခဲ့ရပါတယ်။ သူ့မှာ သံတိုသံစတွေ၊ ဘက်ထရီအိုးဟောင်းတွေကို ဆိုင်ကယ်နဲ့ ဝယ်ယူနေသူပါ။ မှတ်ပုံတင်လည်း ပါသွားတယ်။ ငွေလည်း ခြောက်သောင်းပါသွားတယ်” ဟု ဒေါ်မတင်ဝင်းက ပြောဆိုသည်။

သူမတို့မိသားစုမှာ သူ့၏ လုပ်အားဖြင့် ရပ်တည်နေသော မိသားစုဖြစ်ပြီး သာကြီးဇော်လင်းဦးမှာ ၁ဝ တန်း၊ သားငယ် ဇော်မြင့်သန်းမှာ ၈ တန်း ဖြစ်ကြောင်း၊ သူအနေဖြင့် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူ ဖြစ်ကြောင်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက အစ တစ်ရပ်ကွက်လုံး သိရှိကြောင်း ပြောကြားသည်။

“ ကျွန်မ ယောက်ျားကို စစ်တပ်က ဖမ်းခေါ်သွားတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း တိုင်ထားပါတယ်။ အုပ်ချုပ်ရေးမှူးကတော့ တပ်ကို အဆက်အသွယ်ရရင် ပြောပေးမယ်လို့ ပြောပါတယ်။ ပီးရင် လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း တိုင်ကြားထားပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်ကတော့ အထက်တာဝန်ရှိသူတွေကို တိုင်ကြားပေးမယ်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

မင်းပြားမြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က “ ကျွန်တော်ဆီကို မိသားစုတွေက လာရောက်တိုင်ကြားထားပါတယ်။ စစ်တွေကို ရောက်တုန်း နယ်လုံဝန်ကြီးကို တင်ပြဖို့သွားပေမယ့် ရုံးမှာ သူမရှိတဲ့ အတွက် မတွေ့ခဲ့ရပါဘူး။ ကျွန်တော်တို့ သဘောထားကတော့ စစ်တပ်က မသင်္ကာလို့ ဖမ်းရင်လည်း ဥပဒေနဲ့ အညီ ဖမ်းဆီးပြီး ရဲကို လွဲပြောင်းပေးစေချင်ပါတယ်။ အခုက ဘယ်ကိုရောက်လို့ ရောက်နေမှန်း မသိရတော့ မိသားစုတွေက အရမ်းစိုးရိမ်နေကြပါတယ်” ဟု ပြောကြားသည်။

သပြေကန်ရွာသို့ ဆက်သွယ်ရာတွင်လည်း ဦးဆိတ်ဖားချေနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အဆက်အသွယ်မရကြောင်း မိသားစုဝင်များက ပြောကြားသည်။

နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်က မြောက်ဦးမြို့နယ် သပြေကန်ကျေးရွာအနီးတွင် တပ်မတော် စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် လမ်းပေါ်တွင် တွေ့သည့် ဦးဆိတ်ဖားချေနှင့် ဦးစိန်ဝင်းမောင်တို့ နှစ်ဦးကို စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင် ဒေသခံများက ပြောကြားသည်။

-------------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၄/ ၂ဝ၁၉










ဆက်စပ် သတင်းများ