Preview

ဒေါက်တာအေးမောင်တို့အမှု အထူးအယူခံဝင်ခွင့်ပြုရန်သင့်မသင့် လျှောက်လဲချက်ကို နေပြည်တော်၌ ကြားနာမည်

ဒီဇင်ဘာ ၀၅/ ၂၀၁၉ | ကြည့်ရှုသူ :8275
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၅/ ၂၀၁၉

ဒေါ်ဆောင်ဆန်းစုကြည်ဦးဆောင်သော အစိုး၇လက်ထက် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင် နှစ်(၂၀) ချမှတ် ခံထားရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ အထူး အယူခံကို ဝင်ခွင့်ပြုရန် သင့်/ မသင့် လျှောက်လဲချက်အား နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်၌ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်  ကြားနာမည်ဟု သတင်းရရှိသည်။

“ကျွန်တော်တို့ လျှောက်ထားတဲ့ အထူးအယူခံ ဝင်ခွင့်ပြုဖို့ လျှောက်လဲချက် သင့်မသင့် ကြားနာမှာပါ။ ဒါက လျှောက်လွှာကို လက်ခံ/ မခံဘဲ ရှိသေးတယ်ပေါ့နော်။ ဒီကျွန်တော်တို့ဘက်က လျှောက်လွှာကိုလည်း သူတို့က မကြိုက်ဆိုရင် ပယ်လိုက်လို့လည်း ရတယ်ပေါ့နော်။ တကယ်လို့ လျှောက်လွှာတင်ဖို့ကို ခွင့်ပြုတယ်ဆိုရင် ကျွန်တော်တို့ အတွက်တော့ တစ်ဆင့်အောင်ပြီပေါ့နော်” ဟု ရှေ့နေ့ ဦးခင်နုက နိရဥ္စရာသို့ ပြောသည်။

ဒေါက်တာအေးမောင်အမှုနှင့်ပတ်သက်ပြီး အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်မသင့်လျှောက်လဲချက်အား အပယ်ခံရလျှင် ဥပဒေအရ တရားစီရင်ရေးလမ်းကြောင်းမှာ ပြီးဆုံးသွားပြီဖြစ်သည့်အတွက် နောက်ဆုံးအဆင့်အနေဖြင့် နိုင်ငံတော်သမ္မတအား အသနားခံစာတင်ရန်သာ ရှိတော့သည်ဟုလည်း သိရသည်။

" ကြားနာသင့်တယ်လို့ဆုံးဖြတ်ရင်တော့ စစ်တွေက အမှုသည်တွေကို နေပြည်တော်ခေါ်မယ်။ ပြီးရင် အဲဒီမှာ စစ်ဆေးဦးမယ်။ လက်မခံလို့ ဆုံးဖြတ်ရင်တော့ မတတ်နိုင်တော့ဘူး "ဟု ဒေါက်တာအေးမောင်၏သားဖြစ်သူ ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်နှင့်အတူ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှု တို့ ဖြင့် ထောင်ဒဏ် နှစ်(၂၀)ချမှတ်ခံထားရသူဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းချ ခံနေရသည်။

သူတို့နှစ်ဦးသည် ၇သေ့တောင်မြို့၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ၇ခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ် စာပေဟောပြောပွဲတွင် တက်ရောက် ဟောပြောခဲ့မှုဖြင့် ထောင်ချခံနေ၇သူများလည်းဖြစ်သည်။

--------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၅/ ၂၀၁၉







#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.