သိန်းဇော်(မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၅/၂၀၁၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယနေ့ ညဉ့်အာရုံတက်ချိန်တွင် လူနေအိမ် ၂လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်အစောကြီး ၂နာရီ မိနစ် ၃၀ ခန့်တွင် မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာ၌ လူနေအိမ် ၂ လုံးမီးလောင်မှုဖြစ်ပွားခြင်းသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကို ကိုးကားပြီး မောင်တောမြို့မီးသတ်ဌာနက တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“လောင်တာက မီးကြွင်းမီးကျန်ကနေ ဝါးထရံကိုကူးပြီး လောင်တာလို့သိ၇ပါတယ်။ မီးလောင်တာက ၂ နာရီခွဲကနေ စလောင်တာကို မိုးလင်းပြီးမှ သူတို့ကသ တင်းပို့တာဆိုတော့ အဲဒီအချိန် မီးကငြိမ်းသွားပါပြီ” ဟု ၎င်းက ဆိုသည်။
မီးလောင်ကျွမ်းသွားသည့် နေအိမ်ပိုင်ရှင်များမှာ သီဟိုဠ်ကျွန်းမူဆလင်ကျေးရွာမှ ဖာတေမာခါတု(ဘ) ဦးအဒူဆူကဲ နေအိမ် တစ်လုံးနှင့် ရော်ရှိဒါ(ဘ) မာမတ်အာဘီတို့ နေအိမ်များဖြစ်ကြောင်း၊ အဆိုပါမီးမှာ ပေါ့ဆမီးဖြစ်ကြောင်း မီးသတ်ဌာနမှ သိရသည်။
“လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရတာတော့ တခုမှမရှိပါ။ မီးလောင်မှုမှာ ပထမ စလောင်တဲ့ အိမ်ရဲ့ဆုံးရှုံးမှုတန်ဖိုးက (၈၀၀၀၀)ကျပ် ရှိပါတယ်။ ဒုတိယ အိမ်မှာ ဆုံးရှုံးမှုတန်ဖိုး (၅၀၀၀၀)ကျပ်ထိ ဆုံးရှုံးသွားတယ်လို့သိရပါတယ် ” ဟု မောင်တောမီးသတ်က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဆက်လက်ပြီး မီးလောင်မှုဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး မေးမြန်းတင်ပြရန် သီဟိုဠ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ဖို့ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။
မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာနှင့် မီးသတ်စခန်းမှာ ကုန်းလမ်းကြမ်း(၈)မိုင်ခန့်ကွာဝေးပြီး မီးလောင်မှုအား နယ်မြေဒေသလုံခြုံရေး အခြေအနေအရ သွားရောက်စစ်ဆေးနိုင်ခြင်းမရှိကြောင်း Rakhine Fire Force Facebook Page တွင် ရေးသားဖော်ပြထားသည်.။
ဓာတ်ပုံ - Rakhine Fire Force
-------------------------------------
Unicode: