ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၆/ ၂၀၁၉
ရက္ခိုင့်တပ်တော်( AA) ၏ စစ်ဦးစီချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူနှင့် သားသမီးနှစ်ဦးအား ထိုင်းအစိုးရမှ ဖမ်းဆီးပြီး နယ်စပ်မြို့ မယ်ဆိုင်သို့ ရဟတ်ယာဉ်ဖြင့် ယူဆောင်သွားကြောင်း ချင်းမိုင်မြို့သို့ ရောက်ရှိနေသူ ရခိုင့်လူအခွင့်အရေးဆောင်ရွက်နေသူ တစ်ဦးက သတင်းဌာနသို့ ပြောကြားသည်။
“ သူတို့ကို ဒီကနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်က ချင်းမိုင် လေယာဉ်ကွင်းကနေ မယ်ဆိုင်ကို ရဟတ်ယာဉ်နဲ့ ယူဆောင်သွားပါတယ်။ သူတို့ကို မယ်ဆိုင်ကနေ မြန်မာကို ပို့ဆောင်ဖို့ ယုံကြည်မျှော်လင့်ရပါတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူ မဇာဇာအတူ သမီးဖြစ်သူ စောပြည့်ရှင် (၁၁) နှစ်၊ မြတ်လင်းဇံ (တစ်နှစ်နှင့် တစ်လ) တို့ ပါဝင်သည်ဟု သိ၇သည်။
၎င်းတို့အား ဒီဇင်ဘာ ၄ ရက်နေ့က ချင်းမိုင် လ၀ကရုံးတွင် ဗီဇာသက်တမ်းတိုးရန် သွားရာမှာ ထိုင်းထောက်လှမ်းရေးများနှင့် လ၀ကများက ဖမ်းဆီးခြင်း ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။
----------------------------
နိရဉ်စရာ၊ ဒီဇငျဘာ ၆/ ၂၀၁၉