ရသေ့တောင်မြို့နယ် ကျောက်တန်းအနီး တိုက်ပွဲပြင်းထန်၊ ရဟတ်နှစ်စီးဖြင့် တိုက်ခိုက်


ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် ရေစိုးချောင်းကျေးရွာအကြား ပြိုင်းခေါင်း ဆိုသောနေရာတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ယနေ့နံနက် ၉ နာရီကျော်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားနေပြီး နေ့လယ် ၁၂ အချိန်က ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ကူ တိုက်ခိုက်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

ယနေ့နံနက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ မွန်းလွဲ ၂ နာရီ အချိန်ထိ ရပ်တန့်သွားခြင်းမရှိဘဲ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်နေကြကြောင်း၊ နေ့လယ် ၁၂ နာရီမှ ၁၂ နာရီခွဲထိ ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက် ပစ်ကူတိုက်ခိုက်သည်ကို မြင်ရကြောင်း၊ လက်ရှိတွင် ရေစိုးချောင်းဗျူဟာနှင့် ရသေ့တောင် အခြေစိုက် တပ်ရင်းများမှ အမြောက်များဖြင့် ၎င်းနေရာကို လှမ်းပစ်နေကြောင်း၊ တိုက်ပွဲမှာ အထူးပြင်းထန်နေကြောင်း အနီးအနားရှိ ရေဘုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ တိုက်ပွဲက တော်တော်ပြင်းနေပါတယ်။ ရဟတ်ယာဉ်နဲ့ လာချရတဲ့ အနေအထားဆိုတော့ တိုက်ပွဲက အထူးပြင်းထန်ပါတယ်။ အဲဒီ တိုက်ပွဲဖြစ်တဲ့ နေရာက မီးခိုးတွေ တက်လာတာကို မြင်ရပါတယ်။ တဲမီးလောင်တာလား။ ဘာမီးလောင်ဆိုတယ်ဆိုတာ ကျွန်တော်တို့ မပြောနိုင်တာပါ။ ရွာသားတွေက အထူးစိုးရိမ်ထိတ်လန့်နေကြပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ကျောက်တန်းကျေးရွာသား တစ်ဦးကလည်း “ ပြိုင်းခေါင်းဆိုတာက လယ်ယာစိုက်ကွင်းကိုခေါ်တာပါ။ အခု တိုက်ပွဲ ဖြစ်နေတဲ့ နေရာပါ။ အဲဒီစပါးစိုက်ခင်းတွေကို မီးလောင်နေပါတယ်။ မီးခိုးတွေ တော်တော်ထွက်နေပါတယ်။ ကျွန်တော်ဆီက မီးလောင်နေတာကို မြင်ရတယ်။ ဒါပေမယ့် ဝေးတော့ နည်းနည်း အလှမ်းဝေးပါတယ်” ဟု ပြောသည်။

ရေစိုးချောင်းကျေးရွာသို့ ဆက်သွယ်ရာတွင်လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း အတည်ပြု ပြောကြားပြီး ရဟတ်ယာဉ်နှစ်စီးဖြင့် ဝဲပျံပစ်ခတ်ခဲ့သည်ကို မြင်ရကြောင်း ပြောကြားသည်။

ယနေ့တိုက်ပွဲမှာ ယမန်နေ့က တိုက်ပွဲ အဆက်ဖြစ်ပြီး ယမန်နေ့ကလည်း မွန်းလွဲ ၁ နာရီကျော်က ညနေ ၄ နာရီ နီးပါးထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။

-------------------------------------------

Unicode:




နိရဉ်စရာ၊ ဒီဇငျဘာ ၇/ ၂ဝ၁၉







Share: