သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ် စစ်ဦးစီးချုပ်၏ ၄ ရက်ကြာ မြန်မာခရီးစတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.7k

နိရဥ္စရာ၊ ဒီဇင်ဘာ ၈/၂ဝ၁၉ (နိုင်ငံတကာ)

ဘင်္ဂလာဒေ့ရှ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် Aziz Ahmed ၏ ၄ ရက်ကြာ တရားဝင် မြန်မာ အလည်အပတ် ခရီးစဉ်ကို ယနေ့ တနင်္ဂနွေနေ့တွင် စတင်လိုက်ပြီဟု သတင်းရရှိသည်။

ဘင်္ဂလာဒေ့ရှ်  စစ်ဦးစီးချုပ်သည် သူ၏ မြန်မာခရီးစဉ်အတွင်း ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တွေ့ဆုံမည်ဟု Inter-Services Public Relations (ISPR) က စနေနေ့က သတင်းထုတ်ပြန်သည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်အကြား ပိုပြီး ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး ကိစ္စ၊ နှစ်ဖက်စစ်တပ် သင်တန်းများ အပြန်အလှန် ပြုလုပ်ရေးကိစ္စ၊ နှစ်ဖက် စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူများ အပြန်အလှန် အလည်အပတ် သွားရောက်ရေး ကိစ္စ၊ နှစ်နိုင်ငံ စစ်တပ်များအကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြင့်မည့် ကိစ္စ၊ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေကြသည့် ဒုက္ခသည်များဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု သတင်းတွင် ဖော်ပြထားသည်။ 

 ၎င်းပြင် ဘင်္ဂလာဒေ့ရှ် စစ်ဦးစီးချုပ်သည် စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ နေရာအများအပြားသို့ သွားရောက်လည်ပတ်မည် ဖြစ်ပြီး ထိုအထဲတွင် စစ်တက္ကသိုလ်၊ စစ်ကောလိပ်များနှင့် စစ်သမိုင်းပြတိုက်တို့ ပါဝင်သည်။

သူ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

-----------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၈/၂ဝ၁၉



 


ဆက်စပ် သတင်းများ