အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

စစ်ပွဲတွေအတွင်းမိသားစုများကိုဆွဲထည့်တာမဖြစ်သင့်ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူဦးမောင်မောင်စိုးပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.4k

သိန်းဇော် (မောင်တော)
နိရဥ္စရာ၊ ဒီဇင်ဘာ ၈/၂ဝ၁၉

ယခုလက်ရှိ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများထဲတွင် မိသားစုများကို ဆွဲထည့်တာမျိုးမှာ မဖြစ်သင့်ဟု မြောက်ဦးစစ်တမ်းရေးသားသည့် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောကြားသည်။

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချူပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူနှင့် ကလေးငယ်နှစ်ဦးအား ထိုင်းအစိုးရမှ ဖမ်းဆီးထားခြင်း အပါအဝင် မြန်မာနိုင်ငံသို့ လွဲပြောင်းမည့်ကိစ္စနှင့်ပတ်သက်ပြီး နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းစဉ်သူက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ ပထမတစ်ချက် ပြောရရင်တော့ ထိုင်းမှာဖမ်းတဲ့ကိစ္စတော့ ဘာကြောင့်မှန်းမသိတဲ့အတွက်ကြောင့် ကျနော်တို့ မှတ်ချက် ပေးလို့မရပါဘူး။ ဒုတိယအချက်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ မြန်မာပြည်ကို လွှဲမယ့်ကိစ္စကတော့ မသင့်တော်ဘူးလို့ဘဲထင်ပါတယ်။ ကျနော်တို့ ဒီဗမာပြည် အစိုးရဘက်ကလည်း ဒါကို တောင်းဆိုတယ် ဆိုတာမျိုးကလည်း မသင့်တော်ဘူးလို့ထင်ပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ ဒီတပ်ဖွဲ့ဝင်အချင်းချင်းတိုက်တဲ့ စစ်ပွဲတွေအထဲမှာ မိသားစုဝင်တွေကိုဆွဲထည့်တယ်ဆိုတာမျိုးက မသင့်တော်ဘူးလို့ထင်ပါတယ်” ဟု ပြောသည်။

၎င်းပြင် ဦးမောင်မောင်စိုးက မိသားစုဝင်များကိုပါ တိုက်ပွဲထဲ ဆွဲထည့်မည်ဆိုပါက စစ်ပွဲမှာ ပြင်းထန်ရက်စက်ပြီး အာဃာတတရားများ ပိုပြီးကြီးထွားလာနိုင်သည်ဟု ပြောသည်။

“ စစ်ပွဲမှာ တိုက်နေတာက တပ်ဖွဲ့ဝင်တွေက တိုက်နေတာကိုး။ အဲဒီတော့ မိသားစုဝင်တွေ ဒီကိစ္စမှာ သက်ဆိုင်တယ်လို့ စွပ်စွဲလို့ မရဘူး။ စွပ်စွဲဖို့ ခဲယဉ်းပါတယ်။ အလားတူဘဲ ဒီတပ်မတော်ဖက်က တိုက်နေတဲ့ အရာရှိကြီးတွေရဲ့ မိသားစုဝင်တွေကလည်း စစ်ပွဲမှာ သက်ဆိုင်တာမဟုတ်ပါဘူး။ တဖက်နဲ့ တဖက်အပြန်အလှန် ဒီမိသားစုဝင်တွေပါ စွပ်စွဲတိုက်ခိုက်မယ်ဆိုရင် စစ်ပွဲကပြင်းထန်ရက်စက်ပြီးတော့ အာဃာတ တွေပိုပြီးကြီးထွားလာမယ်လို့ ထင်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ထပ်ပြီးတော့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး တိုက်ပွဲများ ရပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“ လောလောဆယ်ကတော့ ဖမ်းပြီးအပ်တယ်ဆိုတဲ့ သတင်းကိုတော့ မကြားရဘူးဗျ။ ဒီနေ့ထွက်လာတဲ့ သတင်းအရတော့ မအပ်တော့ဘူးဆိုတဲ့ သတင်းကြားရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီလို မအပ်တော့ဘူး ဆိုလို့ရှိရင်တော့ တင်းမာမှုလျှော့နိုင်ပါတယ်။ အဓိက ကတော့ ရခိုင်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့ အချိန်မှာ လက်တွေ့လိုအပ်တာကတော့ တွေ့ဆုံဆွေးနွေးဖို့ပါဘဲ။ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးကို လုပ်နိုင်မယ်ဆိုရင်တော့ တိုက်ပွဲတွေကို လျှော့ချနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

---------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၈/၂ဝ၁၉








ဆက်စပ် သတင်းများ