ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်မှ မြောက်ဦးအပါအဝင် မြို့၃ မြို့ကို နိုင်ငံခြားသားများ ခရီးသွားလာခွင့်ပိတ်ပင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.7k

နီမင်းထွန်း
နိရဥ္စရာ၊ ဒီဇင်ဘာ ၉ /၂ဝ၁၉

ရခိုင်ပြည်နယ်မှ မြောက်ဦးမြို့အပါအဝင် ပုဏ္ဏားကျွန်းမြို့နှင့် မင်းပြားမြို့တို့ကို လုံခြုံရေးအရ နိုင်ငံခြားသားများ ခရီးသွားလာခွင့်ကို ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ၎င်းကန့်သတ် ပိတ်ပင်ချက်ကို ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပိတ်ပင်လိုက်သည့် ဒေသများမှာ တိုက်ပွဲ ဖြစ်ပွားနေသည့် ဒေသများဖြစ်ကြပြီး ရခိုင်ပြည်နယ်မှ မြို့နယ် သုံးခုသာမက ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် ချင်းပြည်နယ်မှ ပလက်ဝမြို့လည်း ပါဝင်သည်။

၎င်းအပြင် သွားလာခွင့်ပိတ်ပင်ခံရသည့် တစ်ခြား ဒေသများမှာ ရန်ကုန် တိုင်းဒေသကြီးမှ  ကိုကိုးကျွန်း၊
စစ်ကိုင်းတိုင်းဒေသကြီးမှ  ဗန်းမောက်မြို့နယ်နှင့် နန်းယွန်းမြို့နယ်က ကျေးရွာများ၊ မန္တလေးတိုင်းဒေသကြီးမှ မိုးကုတ်၊ သပိတ်ကျင်း၊ ပြင်ဦးလွင်မြို့နယ်မှ ကျွန်းတိုင်၊ ညောင်တုန်း၊ သပြေချောင်၊ မိုးကြိုးပစ်၊ ပုတီးကုန်း၊ နောင်ပိန်၊ မဲတောကျေးရွာများပါဝင်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ နမ္မတူမြို့နယ်၊ နမ့်ဆန်မြို့နယ်များ ၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ ကျေးသီးမြို့ နယ်၊ မိုင်းနောင်မြို့၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့၊ မိုင်းယန်မြို့နယ်များကို မြို့ပေါ်အတွက်ခွင့်ပြုပြီး မြို့ပြင် ထွက်ရန်အတွက် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ပိတ်ပင်လိုက်သည့်အပေါ် မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က
“ကျနော်ဖက်မှာ ဟိုတယ်လုပ်ငန်းရှင်တွေရှိတယ်။ စားသောက်ဆိုင်တွေရှိတယ်။ ပြီးတော့ စားပွဲထိုးကအစ ဝန်ထမ်းတွေရှိတယ်။ အခုလို နိုင်ငံခြားသားတွေကို ခရီးသွားလာခွင့် ပိတ်ပင်လိုက်တဲ့အတွက် ဟိုတယ် လုပ်ငန်းရှင်တွေသာမက ဟိုတယ်ကိုမှီခိုလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေပါ တခြား လုပ်ငန်းတွေပါ ထိခိုက်ပါတယ်။”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရခိုင်ပြည်နယ်ကို လာရောက်သည့် နိုင်ငံခြားသားခရီးသည်များကို ရန်ပြုခြင်း ၊ သတ်ဖြတ်ခြင်းများနှင့် တခြားအနှောင့်အယှက်ပေးခြင်းများ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ကြောင်းလည်း ဆက်ပြောခဲ့သည်။ 

မြန်မာနိုင်ငံတွင်လုံခြုံရေးအရသွားလာခွင့် မရှိသောဒေသနှင့် ခွင့်ပြုချက်ယူ၍သွားရမည့်နေရာများကို ထပ်မံ ကန့်သတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ စာရင်းပြုစု အကြောင်းကြားချက်အရ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ယခု ကန့်သတ်ပိတ်ပင်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။  

---------------------------- 

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၉ /၂ဝ၁၉










ဆက်စပ် သတင်းများ