ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၉/ ၂၀၁၉
ဖမ်းဆီးထိန်းသိမ်းခံထားသည့် ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင် ဦးရွှေသန်း ယနေ့ နေ့လယ် ၁၂ နာရီခန့်က အပြီးသတ် လွတ်မြောက်လာသော်လည်း ရေယာဉ်ဝန်ထမ်း ၆ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရသည်ဟု သတင်းရရှိသည်။
“ပိုင်ရှင်က လွတ်သွားတယ်။ ကျန်တဲ့ ၆ ယောက်ကို ဒီနေ့ပဲ စစ်တွေကို ယူသွားပါတယ်။ စစ်တွေမှာ ရုံးတင် စစ်ဆေးမယ်လို့ သိရပါတယ် ” ဟု NLD ပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းက နိရဥ္စရာသို့ ပြောသည်။
ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင် ဦးရွှေသန်းနှင့် ရေယာဉ်ဝန်ထမ်း ၆ ဦးတို့ကို နိုဝင်ဘာ ၂၆ ရက်နေ့က ဘူးသီးတောင် မြို့နယ် တရားရုံး၌ ရုံးထုတ်ရမန်ယူရာတွင် ၇မန်ကြီး ၂ ကြိမ် ရက်ပေါင်း ၃၀ ပြည့်သွားသဖြင့် အကြမ်းဖက်မှု ပုဒ်မ ကို ပယ်ဖျက်ပြီး သွေးဆောင်ဖျားယောင်းမှုပုဒ်မ ၃၆၅ ဖြင့် ထပ်မံရမန်တစ်ပတ်ယူခဲ့ကြောင်းလည်း သိရသည်။
“ဒီနေ့လွတ်လာတာပါ။ အပြီးသတ်လွတ်မြောက်လာတာပါ။ အပြစ်မရှိလို့ အမှုထဲ မပါဘူးပေါ့နော်”ဟု ဦးရွှေသန်း၏ ညီမဖြစ်သူ မကျော့ကျော့ခင်က နိရဥ္စရာသို့ ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လွတ်မြောက်လာသူ ဦးရွှေသန်းနှင့် အဆက်သွယ်ရလို၍ နိရဥ္စရာမှ ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။
ဖော်ပြပါ ရွှေနဒီအမြန်ရေယာဉ်သည် အောက်တိုဘာ ၂၆ ရက်နေ့က စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ မေယူမြစ်ကြောင်းအတိုင်း ပြေးဆွဲခဲ့ကာ ရသေ့တောင်မြို့နယ် ပြိန်းတောနှင့် ရေမျက်ကျေးရွာကြားအရောက်တွင် ရက္ခိုင့်တပ်တော် AAက ပစ်ဖောက်တားဆီးခြင်းကိစ္စဖြစ်ပွားပြီးနောက် ဦးရွှေသန်းနှင့် ဝန်ထမ်း ၆ ဦးတို့အား မသင်္ကာမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိ၇သည်။
----------------------------
Unicode:
နိရဉ်စရာ၊ ဒီဇငျဘာ ၉/ ၂၀၁၉