သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ စစ်တွေတွင် လူငယ်များစုပေါင်းကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.6k

နီမင်းထွန်း
နိရဥ္စရာ ၊ ဒီဇင်ဘာ ၁ဝ /၂ဝ၁၉

(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ကို “ လူသားအားလုံးအခွင့်အရေး လူငယ်များကရပ်တည်ပေး” ဆောင်ပုဒ်ဖြင့် စစ်တွေမြို့တွင် လူငယ်များ စုပေါင်းလမ်းလျှောက်ပြီး ကျင်းပပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားကို စစ်တွေမြို့ ရှုခင်းသာလမ်းတွင် ယနေ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ပြီး လူငယ်များ စုပေါင်းလမ်းလျှောက်ပြီး ကျင်းပနေကြောင်း ဦးဆောင်သူ ကိုသန်းလှ(ခေါ်) ကို မင်းဘာချေက ပြောသည်။  

ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ၎င်းက  “၇၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အတွက်  စစ်တွေမှာ ရှိတဲ့ လူငယ်တွေ အဖွဲ့အစည်းတွေ အကုန်လုံး ပေါင်းပြီးတော့ ပြည်သူတွေ၊ လူသားတွေ လူ့ခွင့်အရေး ဆိုတာသိဖို့ အတွက်ကိုဘဲ အဓိကရည်ရွယ်ပြီး လုပ်တာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် လူ့အခွင့့််အရေးနှင့်ပတ်သက်၍ ဆုံးရှုံးရမှုများသာရှိပြီး အခွင့်အရေးကိုမခံစားရဟုလည်း ကိုမင်းဘာချေက ဆက်ပြောသည်။

အဆိုပါပွဲကို ပါဝင်လာသည့် People For People (PFP) အဖွဲ့မှ မရီဝေထွန်းက “ ကျမတို့လူငယ်တွေအနေနဲ့ နှစ်စဉ် နှစ်တိုင်းလည်း ကျင်းပပြုလုပ်တယ်။ ကျမတို့ ရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးမှာ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေအမြောက်အများရှိတယ်။ အဲကိုအသိပေးချင်လို့ ပါဝင်ရတာဖြစ်တယ်”ဟု သူမ ပါဝင်ဆင်နွှဲရပုံနှင့် ပတ်သက်ပြီး သတင်းဌာနများသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ မြေယာသိမ်းခြင်း ၊ မတရားဖမ်းဆီးခြင်း၊ သွားလာခွင့် ပိတ်ပင် ထားခြင်းများ အပြင် ပုံစံအမျိုးမျိုးဖြင့် လူ့အခွင့်အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိသည်ဟုလည်း (PFP) အဖွဲ့မှ မရီဝေထွန်းက ဆိုသည်။

အဆိုပါပွဲကို စစ်တွေမြို့မှ ပါဝင်လာသည့် လူငယ် မစောမြတ်အိဝေက “ညီမတို့က အခု ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများကို မလိုလားဘူး။ ကျမတို့ မြင်လည်းမြင်နေရတယ်။ ကြားလည်းကြားနေရတယ်။ အဲတာကြောင့်  စိတ်မကောင်းပါဘူး။ လူသေတာလည်းများနေပြီ ဒဏ်ရာရတဲ့သူတွေလည်းများနေပြီ။ စစ်ပွဲတွေကို ရပ်ပေးစေချင်လို့ ပါဝင်ရတာဖြစ်တယ် ”ဟု ပြောသည်။

၄င်းပွဲကို ရခိုင်ပြည်နယ်မှ အဖွဲ့အစည်း ၅ ဖွဲ့မှ လူငယ်များ အပါအဝင် လူပေါင်း ၁၃ဝ ကျော် လာရောက် ပူးပေါင်းပါဝင်ခဲ့ပြီး ၁၂ နာရီခွဲထိ ကျင်းပသွားမည်ဟု သိရသည်။

----------------------------------

Unicode:



နိရဉ်စရာ ၊ ဒီဇငျဘာ ၁ဝ /၂ဝ၁၉









ဆက်စပ် သတင်းများ