ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ပလက်ဝတွင် လိုင်းစက်လှေ သေနတ်ထိမှန်ပြီး အရပ်သား ၃ ဦးသေ၊ ၆ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁ဝ/၂ဝ၁၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပလက်ဝမြို့ပေါ်မှ တောင်ပြိုသို့ ပြေးဆွဲနေသည့် လိုင်းစက်လှေ တစ်စီး သေနတ်ပစ်ခံရပြီး အနည်းဆုံး ၃ ဦးသေဆုံးပြီး ၆ ဦးခန့် ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

“ သေတာက ကလေးတစ်ဦး၊ မိန်းခလေး တစ်ဦး၊ သူတို့က On the spot ပေါ့ဗျာ။ ဖြစ်တဲ့ နေရာမှာဘဲ ဆုံးတယ်။ တစ်ယောက်တော့ အခု ဆေးရုံမှာဘဲ ဆုံးတယ်။ ဆေးရုံတင်ရတဲ့ ၇ ယောက် အထဲမှာ တစ်ယောက်ဆုံးတယ်။  ကျန် ခြောက်ယောက်က ဆေးရုံမှာဘဲ ဆေးကုသနေရတယ်” ဟု ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

သေဆုံးသူ ၃ နှစ်အရွယ် ကလေးငယ်မှာ ရခိုင်ဖြစ်ပြီး ၁၇ နှစ်အရွယ်အမျိုးသမီးမှာ မရာလူမျိုးဖြစ်ကြောင်း၊ ဆေးရုံတွင် သေဆုံးသူမှာ အသက် ၄ဝ အရွယ်ဖြစ်ပြီး လူမျိုးနှင့် နေရပ်ကို မသိရသေးကြောင်း ဝန်ကြီးက ပြောသည်။

“ သိရတာကတော့ စက်လှေ ရောက်ချိန်မှာ တိုက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ပွဲထဲက ကျည်ဆံ ထိမှန်တာလို့ သိရပါတယ်။ လှေဦးမှာထိုင်နေတဲ့ ကလေးကိုထိတယ်။ စက်လှေထဲက လူတွေကို ထိတာပေါ့။ အဲဒီစက်လှေနဲ့ဘဲ ပလက်ဝ ဆေးရုံကို ယူဆောင်လာပါတယ်” ဟု ဝန်ကြီးက ဆက်လက် ပြောသည်။

၎င်းစက်လှေမှာ ယနေ့နံနက် ၁၁ နာရီက ပလက်ဝမြို့နှင့် တောင်ပြိုအကြား နှုန်းဗူးကျေးရွာ ကမ်းနားတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပလက်ဝ ဒေသခံ တစ်ဦးက ပြောသည်။

“ ကျွန်တော်က စက်လှေနဲ့ အတူ ပါသွားသူ မဟုတ်တဲ့ အတွက် ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ မပြောနိုင်ဘူး။ ဖြစ်တာက နှုန်းဗူးမှာ ဖြစ်တာပါ။ အခု ပလက်ဝဆေးရုံကို အလောင်းနှစ်လောင်း ရောက်ပါတယ်။ ကလေးငယ်တစ်ဦးနဲ့ နောက် မရာအမျိုးသမီး တစ်ဦးလို့ သိရပါတယ်။ အခု ပလက်ဝ ရင်ခွဲရုံမှာ ရောက်နေပါပြီ။ နောက်ထပ် ကလေးရဲ့ ဖခင်လည်း ပလက်ဝ ဆေးရုံမှာ ဆုံးတယ်လို့ သိရပါတယ် ” ဟု ပလက်ဝ ဆေးရုံသို့ ရောက်နေသည့် ၎င်းဒေသခံ ပြောသည်။

၎င်းပြင် ဒေသခံ ၆ ဦးမှာလည်း ဒဏ်ရာရသွားပြီး ဆေးရုံတင်ထားရကြောင်း၊ ထိုအထဲတွင် ကျောင်းဆရာမ တစ်ဦးလည်း ပါဝင်သည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။

“ သေတဲ့ သားအဖက ကျောက်တော်ဖက်ကလို့ သိရပါတယ်။ ရခိုင်လူမျိုးတွေပါ” ဟု ပြောသည်။

-----------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၁ဝ/၂ဝ၁၉









ဆက်စပ် သတင်းများ