တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကမ်းထောင်းကြီးမြို့မှ လယ်ကွင်းထဲစပါးရိတ်သူနှစ်ဦး ပျောက်ဆုံးနေသည်မှာ ၄ ရက်ခန့်ရှိနေပြီဖြစ်၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.8k

ချစ်အိလှိုင်
စစ်တွေ၊ ဒီဇင်ဘာ၂၁/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅နာရီခန့်က စပြီး စပါးရိတ်သူ နှစ်ဦးပျောက်ဆုံးနေသဖြင့် မိသားစုများ စိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

ပျောက်ဆုံးနေသူ နှစ်ဦးမှာ  ရခိုင်လူမျိုး ဦးနီသန်း(၆၃)နှစ်နှင့် ၄င်း၏လယ်လုပ်သားဖြစ်သူ ချင်းလူမျိုး ဦးကင်းချေ (၄ဝ)နှစ်တို့ဖြစ်ကြသည်။

၎င်းတို့သည် ကမ်းထောင်းကြီးမြို့နှင့် ၃ မိုင်အကွာ ရထိုးတောင်ခြေရှိ လယ်ကွင်းတွင် ရိတ်သိမ်းပြီးသား စပါးများအား သိမ်းဆည်းရန်သွားရာမှ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောသည်။

 “ကမ်းထောင်းကြီးကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတဲ့နေ့ကတည်းက ပျောက်သွားတာပါ။ ကျွန်တော်တို့မြို့ဘက်ကို တပ်မတော်စစ်ကြောင်းလာနေတယ် ဆိုတဲ့အချိန် ဖုန်းဆက်ကြည့်ပါသေးတယ်။ မကိုင်တော့ပါဘူး။ မြို့ထဲကို အဲဒီနားက ရထိုးတောင်ကနေပစ်ခဲ့ကြတာလေ။ အခု အချိန်ထိ အဆက်သွယ်မရတော့ စိုးရိမ်နေကြပါတယ်”ဟု မိသားစုဝင်တစ်ဦးကပြောသည်။

အဆိုပါနေ့က ညနေ ၅ နာရီခန့်က ကမ်းထောင်းကြီးမြို့အား တပ်မတော်စစ်ကြောင်းတစ်ခုမှ ပစ်ခတ်သဖြင့် အမျိုးသမီး တစ်ဦးသေနတ်ကျည်ထိမှန်သေဆုံးမှုဖြစ်စဉ်ဖြစ်ပွားခဲ့ကာ ညနေ ၆ နာရီခန့်လောက်တွင် သေနတ်သံများ တိတ်သွားပြီးနောက် ၄င်းပျောက်ဆုံးနေသူများအား မိသားစုမှထပ်မံ ဆက်သွယ်ရာ အမျိုးသား တစ်ဦးက ဖုန်းလက်ခံ ဖြေကြားခဲ့သော်လည်း တပ်မတော်ဘက်မှ စစ်ကြောင်းသာ ယင်းနေရာတွင် ရှိနေကြောင်းဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦး အား နိရဥ္စရာ သတင်းဌာနမှ အကြိမ်ကြိမ် ဆက်သွယ်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

ထိုကိစ္စနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ အား ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဝင်းက အဆိုပါ လူနှစ်ဦးပျောက်ဆုံးနေသည်ကို ကြားသိရကြောင်းအတည်ပြုပြောကြားသည်။

“ပျောက်သွားတာကိုကြားပါတယ်။စစ်တပ်က ခေါ်သွားတာလား။ ဘယ်ကခေါ်သွားတာလဲ တိတိကျကျ မသိရသေးပါဘူး။ မိသားစုနဲ့လည်း ပျောက်နေတဲ့လူတွေနဲ့အခုထိ အဆက်သွယ်မရသေးပါဘူး”ဟု ပြောသည်။

------------------------

Unicode:












ဆက်စပ် သတင်းများ