တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြေပုံမြို့နယ် ကျွဲကူးဆိပ်ရွာထဲ လက်နက်ကြီးကျည်ကျ ရွာသား ၆ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ခြုံချောင်းအုပ်စု၊ ကျွဲကူးဆိပ် ချင်းအမျိုးသား ကျေးရွာထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ အနည်းဆုံး ရွာသား ၆ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

“ အခုဘဲ သူတို့ကို ဆေးရုံပို့ဖို့ ကားပေါ်တင်နေပါတယ်။ ဒဏ်ရာရတာ ၆ ဦးပါ” ဟု ရွာသားတစ်ဦးက ပြောသည်။

ယနေ့ ၄ နာရီကျော်က လက်နက်ကြီးကျည်ရွာထဲ ကျရောက်ပေါက်ကွဲရာမှ ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းသို့ ဆက်သွယ်ရာ လက်နက်ကြီးကျည်ကျ၍ ၅ ဦး ဒဏ်ရာရရှိသွားသည်ဟု ကနဦး သတင်းအရ သိရှိရကြောင်း ပြောကြားသည်။

ဦးဖေသန်းက “ကျွန်တော်ရဲ့ မဲဆန္ဒနယ် မြေပုံမြို့နယ် ယိုးချောင်းတံတား အနီးရှိ ကျွဲကူးဆိပ်(ချင်းရွာ)ထဲကို ဒီနေ့ ညနေ ၄ နာရီ ၂ဝ မိနစ်ခန့်မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တဲ့ အတွက်  ချင်းအမျိုးသား ငါးဦး ဒဏ်ရာ ရရှိသွားတယ်လို့ ကနဦး သတင်းရရှိပါတယ်။ ကျွန်တော်ရဲ့ ပို့စ်မှာတော့ ဒီအကြောင်း တင်ထားပါတယ်” ဟု ပြောကြားသည်။ 

ဦးဖေသန်း၏ ပို့စ်တွင်  “ ယင်းမတိုင်မီက ယိုးချောင်းတံတားအခြေစိုက်တပ်မတော် စစ်တပ်စခန်းမှ အမြောက် လက်နက်ကြီးဖြင့် အချက်နှစ်ဆယ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ဒဏ်ရာရလူနာများအား စခန်းမှ ဆေးဝါးကုသပေးပြီး ငွေကြေးအကူအညီပေးကာ ယိုးဆနွင်းနာရေးကားဖြင့် အမ်းမြို့သို့ ပို့ ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်” ဟု ဆက်လက် ဖော်ပြထားသည်။

ယခုလက်နက်ကြီး ကျည်ကျရောက်ခဲ့သည့် ကျွဲကူးဆိပ်ရွာသည် ယိုးချောင်းတံတား အနီးတွင် တည်ရှိပြီး ၎င်းနေရာအနီးတွင် တည်ရှိသည့် တပ်မတော် စစ်စခန်းနှင့် ကိုက်ငါးရာခန့်သာ ကွာဝေးသည်ဟုလည်း၎င်း၏ ပို့စ်တွင် ဖော်ပြထားသည်။

------------------------------

Unicode:

မွပေုံမွို့နယျ ကြှဲကူးဆိပျရှာထဲ လကျနကျကွီးကညြျကြ ရှာသား ၆ ဦးဒဏျရာရ

နိရဉ်စရာ၊ ဒီဇငျဘာ ၂၇/ ၂ဝ၁၉








ဆက်စပ် သတင်းများ