တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပိတ်မိနေသူ သောင်းဒရား ရွာသား၂၇ ဦးကို လွှတ်တော်ကိုယ်စားလှယ်များ၏အကူအညီဖြင့် ကယ်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.1k

စိုးဇံအောင်
နိရဥ္စရာ ၊ ဒီဇင်ဘာ ၂၈ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာထဲ ပိတ်မိနေခဲ့သည့် သက်ကြီးရွယ်အိုများအပါအဝင် ရွာသား ၂၇ ဦးကို လွှတ်တော်ကိုယ်စားလှယ်များ၏ အကူအညီဖြင့် ကယ်ထုတ်နိုင်ခဲ့ပြီ်ဟု သတင်းရရှိသည်။

ယနေ့ ညနေ ၄ နာရီက လွှတ်တော်ကိုယ်စားလှယ်များနှင့် ရသေ့တောင်မြို့နယ် ကြက်ခြေနီအသင်း တို့က သောင်းဒရားကျေးရွာထဲ ပိတ်မိနေသည့် သက်ကြီးရွယ်အိုများအပါအဝင် ရွာသား ၂၇ ဦးကို သွားရောက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ဒီနေ့ ညနေ ၄ နာရီမှာ သွားပြီကယ်ထုတ်နိုင်ခဲ့တာ။အဲဒီရွာမှာ တပ်မတော်က ရှိနေတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေရယ်။ရသေ့တောင် ကြက်ခြေနီအသင်းရယ်။သွားပြီး ကယ်ထုတ်ခဲ့တာပါ”ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က နိရဥ္စရာ သို့ ပြောသည်။

ပိတ်မိနေသူများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်၊ ရခိုင်ဦးဆောင်ပါတီ (AFP)  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းနှင့် အရပ်ဘက်အဖွဲ့ အစည်းဝင်များက သွားရောက် ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီကျော်က ရသေ့တောင်မြို့နယ် ၊ သောင်းဒရားကျေးရွာအနီး ကျောက်တန်း ကျေးရွာနှင့် သာစည်ကျေးရွာဘက်တွင် တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုပြုလုပ်ပြီးနောက် သောင်းဒရား ကျေးရွာတွင်းသို့ ဝင်လာသည့်အတွက် ရွာသား ၁၄ဝဝ ကျော်မှာ စိုးရိမ် ကြောက်လန့်ပြီး နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ထိုအထဲမှ သက်ကြီးရွယ်အိုနှင့် ရွာသားတစ်ချို့မှာ ထွက်မပြေးနိုင်ဘဲ ကျေးရွာအတွင်း ၁၄ အကြာ ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေတွင် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ကယ်ထုတ်လာသူများကို ရသေ့တောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် နေရာချပေးထား ကြောင်း သိရသည်။

----------------------------------

Unicode


နိရဉ်စရာ ၊ ဒီဇငျဘာ ၂၈ / ၂ဝ၁၉









ဆက်စပ် သတင်းများ