ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၀/ ၂၀၁၉
၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်နယ်ခြားစောင့် စခန်းမှ ယနေ့ နံနက် ၅ နာရီလောက်က သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာသဖြင့် ဒေသခံ ကျေးရွာသားများအကြား စိုးရိမ်နေကြသည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
ညောင်ချောင်းကျေးရွာသား တစ်ဦးက “ ပစ်ခတ်သံက ၁၅ မိနစ်လောက်ဘဲကြာမယ်ထင်ပါတယ်။ ပထမ လက်နက်ကြီးသံ တစ်ချက် ကြားရပြီး လက်နက်ငယ် ပစ်ခတ်သံတွေကို ကြား၇ပါတယ်။ ၅ နာရီ ကျော်ကျော်လောက်မှာ စကြားရပါတယ်။ ကျွန်တော်တို့ရွာနဲ့ စခန်းက အလယ်မှာ ဈေးတစ်ခု ခြားနေတဲ့ အတွက် ပစ်သံလောက်ကိုဘဲ ကြားရပါတယ်။ နယ်ခြားစောင့် စခန်းက ပစ်သံကိုဘဲကြားရပါတယ်။ စာသင်ကျောင်းဘက်ကနေ ပစ်သံ သုံးလေးချက်ကိုလည်း ကြားရပါတယ်။ တိုက်ပွဲလား၊ ဘယ်လိုဖြစ်တာလဲဆိုတာကိုတော့ ကျွန်တော်တို့ မခန့်မှန်းတတ်ပါဘူး” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ညောင်ချောင်းနယ်ခြားစခန်းသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် တည်ရှိပြီး လက်ရှိတွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်များ အထိုင်ချထားသော စခန်းတစ်ခုဖြစ်သည်။
“ ရွာသားတွေကတော့ စိုးရိမ်နေကြပါတယ်။ သေနတ်သံတွေက ပစ်လိုက်၊ နားလိုက်၊ ပြန်ပစ်လိုက်ဖြစ်နေတော့ ဘာဖြစ်မှန်း မသိတော့ ရွာသားတွေက စိုးရိမ်နေကြပါတယ်။ အခုတော့ အိမ်တွေထဲမှာ နေနေကြပါတယ်” ဟု ပြောကြားသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးအား အကြိမ်ကြိမ် ဆက်သွယ်ရာ ဖုန်းမအားသေးသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။
ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ဦးမောင်ကျော်ဇံသို့ ဆက်သွယ်မေးမြန်းရာ သေနတ်သံများ ထွက်ပေါ်ခဲ့ခြင်းဟုတ်မှန်ပြီး မည်သို့ မည်ပုံ ဖြစ်ပွားသည်ကို မသိရှိ၇သေးကြောင်း ပြောကြားသည်။
---------------------------------
Unicode:
နိရဉ်စရာ၊ ဒီဇငျဘာ ၃၀/ ၂၀၁၉