Preview

စစ်တွေမြို့တွင် ကလေးသူခိုးတစ်ဦးအား ခိုးယူထားသော ကလေးငယ်နှင့်အတူ ဖမ်းဆီးရမိ

ဇန်နဝါရီ ၀၉/ ၂၀၂၀ | ကြည့်ရှုသူ :5439
မှုခင်း သတင်း

ချစ်အိလှိုင်
နိရဥ္စရာ /ဇန်နဝါရီ ၉/ ၂၀၂၀

ကလေးသူခိုးတစ်ဦးအား သူခိုးယူလာသည့် ကလေး ငယ်တစ်ဦးနှင့် အတူ ယနေ့ နံနက် ၄ နာရီခန့်က စစ်တွေမြို့ အဝေးပြေး ကားကြီးကွင်းရှေ့တွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

၎င်းကလေးသူခိုးမှာ မြောက်ဦးမြို့နယ် ပီပင်ကုန်းကျေးရွာမှ ကျော်ဆန်းဦး(၂၆)နှစ်ဖြစ်ကြောင်း ရွာကြီးမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

၎င်းကလေးသူခိုးသည် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်တွင် အဒေါ်ဖြစ်သူတို့နှင့် နေထိုင်သူ ပထမတန်းကျောင်းသူ အသက်(ရ)နှစ် အရွယ် ကလေးငယ်ကို  ဇန်နဝါရီ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ၄င်း၏ နေအိမ်ရှေ့တွင် ဆော့ကစားနေရာမှ ငွေကျပ် ၁ ထောင်းပေးမည် ဟုပြောဆိုပြီး လိမ်လည်ခေါ်ယူကာ မင်းဂံ ရပ်ကွက် နေအိမ် တစ်အိမ်ထဲတွင်ထားရှိခဲ့သည်ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက ပြောသည်။

“ကလေးကို တကိုယ်လုံး ရိုက်နှက်ထားပါတယ်။ မဖွယ်မရာနေရာတွေကို ကုတ်ဖဲ့ထားတာတွေ့ရပါတယ်။ မင်းဂံ ရပ်ကွက်က အိမ်တစ်အိမ်မှာ အတူအိပ်တယ်လို့ပြောပါတယ်။ ကျွန်မတို့ မိသားစုတွေနဲ့ ရွာက လူတွေသွားပြီး မနေ့ညက ကားဂိတ်မှာ သွားစောင့်တာမှာဒီနေ့ မနက် ကလေးကိုဆွဲပြီးလာတာတွေ့လို့ ဖမ်းမိတာပါ”ဟု ပြောသည်။

၄င်းကလေးငယ်အား ရိုက်နှက်ပြီး မဖွယ်မရာပြုလုပ်ခဲ့ပုံရကြောင်း မိသားစုများက ပြောသည်။

ရွာကြီးမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူကလည်း ကလေးငယ်အား ၄င်းတို့ကိုယ်တိုင် စုပေါင်း ရှာဖွေခဲ့ကြောင်း၊  ယနေ့ နံနက်က ကလေးနှင့် အတူ ဖမ်းဆီးမိသဖြင့် ဥပဒေအရ အရေးယူနိုင်ရန် ရဲလက်သို့အပ်နှံခဲ့ကြောင်း ပြောသည်။

“ ရွာကလူတွေနဲ့ ဦးလေးတို့အကုန်စုပြီး ကလေးသွားတတ်တဲ့နေရာတွေနဲ့ ကားဂိတ်တို့ သင်္ဘောဆိပ်တို့ကို လူခွဲ ရှာကြတာပါ။ အခုဖမ်းမိလို့ ရဲလက်အပ်လိုက်ပါပြီ။ တရားဥပဒေအရ စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးစေချင်ပါတယ်” ဟုပြောသည်။

ကလေးငယ်အား ရိုက်နှက်ထားသည့်ဒဏ်ရာများဖြင့်တွေ့ရှိ၇သဖြင့် စစ်တွေမြို့နယ်၊ အမှတ်(၂) ရဲစခန်းမှ ခေါ်ယူ စစ်ဆေးနေပြီး ဆေးစစ်ချက်ယူနေသည်ဟု သိရသည်။

“ကျွန်တော်တို့ ဆေးစစ်ချက်ယူနေပါတယ်။ ကလေးကို မဖွယ်မရာကိုင်တွယ်ပြီး ရိုက်နှက်ထားတာတွေ့ရပါတယ်။ တရားခံကို စခန်းမှာဘဲ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ ဥပဒေတွေနဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်”ဟု အမှတ်(၂) ရဲစခန်းမှတာဝန်ရှိသူ ရဲအရာရှိတစ်ဦးကပြောသည်။

၄င်းတရာခံအား စစ်တွေမြို့၊ အမှတ်(၂) ရဲစခန်းမှ  (၃၇၆/၅၁၁)-မုဒိန်းမှုပြုကျင့်ရန်ကြံရွယ်မှု၊ ၃၆၃-လူခိုးမှု၊ ၃၂၃- နာကျင်စေမှု ၊၂၉၄- ညစ်ညမ်းစွာဆဲရေးတိုင်းထွာမှု၊ ၁၁၄ -အားပေးကူညီမှုတို့နှင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိ၇သည်။

----------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၉/ ၂၀၂၀











#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.