Preview

တောင်ကုတ် ကလေးစာပေပွဲတော် စတင်

ဇန်နဝါရီ ၁၀/ ၂၀၂၀ | ကြည့်ရှုသူ :665
ရခိုင် သတင်း

စိုးဇံအောင်
နိရဥ္စရာ၊ဇန်နဝါရီ ၁၀ / ၂၀၂၀

၂ ရက်တာ ကြာမြှင့်မည့် တောင်ကုတ်မြို့၏ ပထမဦးဆုံးအကြိမ် ကလေးစာပေပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်ဟု သတင်းရရှိသည်။

ထို ကလေးစာပေပွဲတော်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ ပူးပေါင်းကာ တောင်ကုတ် ဒီဂရီကောလိပ်တွင် ပြုလုပ် ကျင်းပနေခြင်းဖြစ်သည်။

 “ကလေးတွေက စာအုပ်စာပေကို နှစ်သက်မွေ့လျော်ပြီးရင် ရာသက်ပန် ပညာရှာမှီးသူတွေ ဖြစ်လာဖို့ ရယ်။  နောက်ပြီး စုပေါင်းအလုပ်တွေမှာ ဝိုင်းဝန်းပါဝင်တတ်တဲ့ အလေ့အထကောင်းတွေ ရရှိလာဖို့ရယ်။ ပညာဗဟုသုတရော လူရည် လူသွေးပါ ပြည့်၀ပြီး အနာဂတ်မှာ တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင် သူတွေ ဖြစ်လာဖို့ကို ရည်ရွယ်ပြီး ကလေး စာပေပွဲတော်ကို ကျင်းပတာပါ” ဟု တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး ဦးစိုးထွန်းက နိရဥ္စရာသို့ ပြောသည်။

ထိုကလေးစာပေပွဲတော်တွင် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ၏ အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အထက်တန်းနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ၊ ကဗျာ ရွတ်ပွဲ၊ ကျဘမ်းစကားရည်လုပွဲ၊ အလယ်တန်းအဆင့် အင်္ဂလိပ် ပုံပြောပြိုင်ပွဲ၊ ပန်းချီပြပွဲ၊ နံရံကပ်စာစောင်ပြပွဲတို့အပြင် တောင်ကုတ်မြို့ခံ စာရေးဆရာများကလည်း ဟောပြောခြင်းများ ပြုလုပ်မည်ဟု သိရသည်။

ယခုကဲ့သို့ ကလေးစာပေပွဲတော် ကျင်းပခြင်းသည် ကျောင်းသားကလေးငယ်များအတွက် ကောင်းမွန်သည့် အလေ့အထတစ်ခုဖြစ်သည်ဟု တောင်ကုတ်မြို့မှ စာရေးဆရာနှင့် ပန်းချီဆရာ ရက္ခ က နိရဥ္စရာသို့ ပြောသည်။

“ကလေးတွေမှာ အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ်၊ ကျူရှင်စာဖတ်ဝိုင်းဆိုပြီးတော့ ရုန်းကန်နေရတာတွေဟာ ကလေးတွေမှာ စာပေနဲ့လည်းဝေးတယ်။ ကလေးတွေမှာ လွတ်လပ်ခွင့်တွေနဲ့လည်း အများကြီး ဝေးနေရတယ်။ ဝေးနေရတဲ့အခါ စိတ်ဖိစီးမှုတွေ အရမ်းများမှာပေါ့။ အခုလိုမျိုး စာပေပွဲတော်ပြုလုပ်ခြင်းအားဖြင့် ကလေးတွေဟာ စာအုပ်စာတမ်းတွေနဲ့လည်း ထိတွေ့ရမယ်။ စာပေအနုပညာနဲ့ ထိတွေ့မှုရှိလာမယ်။ ဒီစာပေပွဲတော်က ကလေးတွေရဲ့ ရှေ့ဆက်သွား၇မယ့် ဘ၀တစ်လျှောက်လုံးအတွက် အများကြီး အကျိုးပြုနိုင်ပါတယ်”ဟု ဆရာရက္ခက ပြောသည်။

တောင်ကုတ်မြို့ အရုဏ်ဦးစာကြည့်တိုက်မှူးဟောင်း ဆရာဦးထွန်းငြိမ်းကလည်း “ အင်မတန်ကောင်းတာပေါ့။ ကလေးတွေ ၊ လူငယ်တွေ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း မြင်ရတယ်။နောက်ပြီးတော့ သူတို့ဟာ ဗဟုသုတ တစ်ခုခုကို ရဖို့ လာကြတာ မြင်တော့ ဝမ်းသာတယ်။စာအုပ်စာတန်းတွေက အခုထက် စုံစုံလင်လင် လုပ်နိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့”ဟု ပြောသည်။

၇ခိုင်ပြည်နယ်တွင် ကလေးစာပေပွဲတော်ကို၂၀၁၇ခုနှစ် မတ်လအတွင်းက စစ်တွေမြို့၊ နိုဝင်ဘာလတွင် ကျောက်ဖြူမြို့နှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလက သံတွဲမြို့တို့တွင် ကျင်းပခဲ့ကြသည်။

(ဓာတ်ပုံ- ဝေဖန်သူ ပို့စ်)

-----------------------------

Unicode:



နိရဉ်စရာ၊ဇနျနဝါရီ ၁၀ / ၂၀၂၀










မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.