Preview

AA မှ အဝေးထိန်းမိုင်းဖြင့် မြောက်ဦးတွင် ရဲကားကိုတိုက်ခိုက်၊ ဒဏ်ရာရသူ မရှိဟုဆို

ဇန်နဝါရီ ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :2424
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ၁၃/၂၀၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ရဲကား ၂ စီး အဝေးထိန်း ရီမုတ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသည်ဟု ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ရေးသားဖော်ပြသည်။

သတင်းထုတ်ပြန်ရာတွင် ဇန်နဝါရီလ ၁၁ရက် နံနက် ၉နာရီ၄၅ မိနစ်အချိန်ခန့်တွင်မြောက်ဦးမြို့၊ နယ်မြေခံရဲတပ်ဖွဲ့မှ မိသားစုဝင်များသည် တပ်ဖွဲ့ပိုင်မော်တော်ယာဉ် ၂ စီးဖြင့် မြောက်ဦးမြို့မဈေးသို့ သွားရောက်ဈေးဝယ်ပြီးပြန်လာစဉ် မြောက်ဦးမြို့၊ သကျမာန်အောင်ဘုရားအနီးတွင်AA အဖွဲ့မှ အဝေးထိန်းမိုင်း တစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ပိုင် မော်တော်ယာဉ် ထိမှန်ပျက်စီးသွားသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသတင်းတွင် ဖော်ပြထာသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ ဖြစ်တာက ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ်မှာ ဖြစ်တာပါ။ အချုပ်ကားမဟုတ်ဘူး။ မြောက်ဦး မြို့မဈေးက ဈေးဝယ်ပြန်လာတဲ့ ရဲမိသားစုကားကို အေအေကနေ  သကျမာန်အောင် ဘုရားအနီးမှာ ရီမုတ်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ရှိတယ်။ ကားကထိခိုက် ပျက်စီးတာတွေ ရှိပေမယ့် လူတွေကို ထိခိုက်တာတော့ မရှိပါဘူး” ဟု ပြောကြားသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်( AA) ၏ ပြောခွင့်ရသူ ခိုင်သုခအား ဆက်သွယ် မေးမြန်းရာ အဆိုပါနေ့က မြောက်ဦးမြို့တွင် တစ်စုံတစ်ရာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ပြောဆိုသည်။

------------------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ၁၃/၂၀၂၀





#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.