ကော့သောင်တွင်ဖမ်းမိပြီး ပြန်ပို့သည့် ဘင်္ဂလီ ၁၇၂ ဦးအထဲမှ ၁၇ ဦး စစ်တွေသို့ ရောက်ရှိ


နီမင်းထွန်း
နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/၂ဝ၂ဝ

ကော့သောင်တွင်ဖမ်းမိပြီး ရခိုင်သို့ ပြန်ပို့ သည့် ဘင်္ဂလီ ၁၇၂ ဦး အထဲမှ ၁၇ ဦးသည် ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့ သဲချောင်း ဗေဒါကျေးရွာဆိပ်ကမ်းသို့ ရောက်ရှိလာသည်။

ရောက်ရှိလာသူများထဲတွင် အမျိုးသမီး(၁ဝ)နှင့် အမျိုးသား (၇)ဦးတို့ပါဝင်ပြီး ယင်းအထဲတွင် အသက်ငယ်ရွယ်သည့် အမျိုးသမီး ကလေးငယ် ၁ ဦးနှင့် ယောကျာ်းလေး ကလေးငယ် ၃ ဦးပါဝင်သည်။

ပြန်ပို့ရာတွင် ၁၇၂ ဦးဖြစ်ကြီး ကျန်သည့်ဘင်္ဂါလီများကို မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်(သို့မဟုတ်) မည်သည့်နေရာသို့ ပို့ဆောင်လိုက်သည်ဆိုသည်ကိုမူ အသေးစိတ်မသိရသေးပါ။

၄င်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့် အပါအဝင် သက်ဆိုင်ရာဌာနများကို နိဥ္စရာသတင်းဌာနက ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်ကိုဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

အဆိုပါဘင်္ဂါလီ ၁၇ဝ ကျော်သည် မလေးရှားနိုင်ငံသို့သွားသည့်စက်လှေဖြင့် ထွက်ခွာလာစဉ် ကော့သောင်မြို့နယ်၊ သံကျွန်းမှ ရေမိုင် ၁၃၅ မိုင်တွင်ရှိ မြန်မာ့ရေပိုင်နက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က မြန်မာ့တပ်မတော်(ရေ)က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၄င်းတို့အား ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဇန်နဝါရီလ ၈ ရက်နေ့က သင်္ဘောဖြင့် ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

၄င်းတို့တွင် စစ်တွေမှဘင်္ဂါလီများလည်း ပါဝင်သလို ဘင်္ဂလားဒေ့ရှ်နိုင်မှဘင်္ဂါလီများလည်း ပါဝင်သည့်အတွက် ၄င်းတို့၏နေရပ်သို့ အသီးသီးပြန်လည်ပို့ဆောင်သွားမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က ဇန်နဝါရီလ ၉ ရက်နေ့တွင် နိရဥ္စရာကို ပြောဆိုထားသည်။

------------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၁၃/၂ဝ၂ဝ











Share: