Preview

အမ်းမြို့နယ် မဲလမောင်းရွာမှ ရွာသား ၁၆ဦးခေါ်ဆောင်ခံ၇ပြီး ၎င်းအထဲမှ ၁၄ ဦးကို ပြန်လွတ်ပြီး နှစ်ဦးကို ဆက်လက်ခေါ်ထားဆဲဟုဆို

ဇန်နဝါရီ ၁၃/ ၂၀၂၀ | ကြည့်ရှုသူ :5945
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/ ၂၀၂၀

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာမှ အရပ်သား ၁၆ ဦးအား တပ်မတော် စစ်ကြောင်း တစ်ခုမှ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၈နာရီခန့်တွင် လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး ၎င်းအထဲမှ  ၁၄ ဦးကို  ပြန်လွတ်ပေးလိုက်ပြီး ကျန် ၂ ဦးကို ဆက်လက်ခေါ်ယူထားဆဲဖြစ်ကြောင်း ကျေးရွာသားများက ပြောကြားသည်။

ဆက်လက်ခေါ်ဆောင်ခံထားရသူ နှစ်ဦးမှာ  မဲလက်မောင်းကျေးရွာမှ  ဦးခင်မောင်မြင့်(၃၅)နှစ်နှင့် ကိုအောင်ပွင့်(ခ) ငအောင်(၂၈)နှစ်တို့ဖြစ်ကြောင်း လမ်းပြခေါ်ဆောင်ရာမှ ပြန်လွတ်လာသူ ကိုညီညီက ပြောကြားသည်။

“ကျွန်တော်အပါအဝင် ၁၆ ယောက်ပါ။ လမ်းပြအဖြစ် မဲတောင်ဘက်ကို တောလမ်းက ခေါ်သွားပါတယ်။ ကျွန်တော်တို့ ရှေ့ကသွားရပါတယ်။ အထုတ်တွေထမ်းတဲ့လူက ထမ်းရပါတယ်။ မနေ့က နေ့လယ် တစ်နာရီလောက်မှာ ဆယ်ယောက် ပြန်လွှတ်ပေးပါတယ်။ ကျွန်တော်တို့ လေးယောက်ကို မနေ့က ညနေ ခြောက်နာရီလောက်က ပြန်လွှတ်ပေးပါတယ်။ ကျန်တဲ့ နှစ်ယောက်က မဲတောင်ခြေရင်းမှာ သူတို့စခန်းချတဲ့နေရာမှာကျန်ခဲ့တာပါ။ အခုထိ ပြန်မလွတ် လာသေးပါဘူး” ဟု ကိုညီညီက ယနေ့ ညနေ လေးနာရီခွဲခန့်က နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ တပ်မတော်စစ်ကြောင်းသည် အမ်းမြို့နယ်  မဲလမောင်းကျေးရွာသို့ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၆နာရီခန့်တွင် ရောက်ရှိလာပြီးနောက် ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်တွင် ကျေးရွာသားများအား အစည်းဝေးလုပ်မည်ဟုခေါ်ကာ လက်ညိုးထိုး၍ ၁၆ ယောက်အား ရွေးချယ် ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

 “ကြောက်တာပေါ့ဗျာ။ မကြောက်ဘဲနေမလား။ သူတို့လက်ထဲရောက်သွားတော့ကြောက်လည်း သူတို့ လွှတ်ပေးတဲ့ အချိန်ပဲသွားရတာ၊ သူတို့မလွတ်ပေးရင်သွားလို့မှ မ၇တာ”ဟု ကိုညီညီက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့နယ် အမှတ် (၂)  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး (ခ) ဦးဌေးချေက ၎င်းရွာသားများကို ခေါ်ယူသွားခြင်းကို  ကြားသိပြီးဖြစ်ကြောင်း ပြောကြာသည်။

“ကျွန်တော်ကြားပါတယ်။ မိသားစုတွေနဲ့တော့ အဆက်သွယ် မရသေးဘူး။ အခုလို စစ်နဲ့မသက်ဆိုင်တဲ့ပြည်သူတွေကို ခေါ်ယူအသုံးချနေတာတော့ မကြိုက်ဘူးဗျာ။ ဒီလူနှစ်ယောက်အကြောင်းကို ဘယ်မှာထိန်းသိမ်းထားလဲ၊ ဘယ်တပ်က ခေါ်သွားတာလဲဆိုတာကိုစုံစမ်းကြည့်ပါမယ်။ ပြီးတော့ တပ်ဘက်က သက်ဆိုင်တဲ့အရာရှိတွေနဲ့ ပြောကြည့်ပါမယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးတို့အား အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေး၍ တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

--------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၁၃/ ၂၀၂၀









#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.