ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၅/ ၂၀၂၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာတွင် ပိတ်မိနေသူ ရွာသား ၃၀ ကျော်ကို ယနေ့နံနက် ၁၀ နာရီခန့်က ရသေ့တောင်မြို့နယ်မှ တက်ကြွလှုပ်ရှားသူ လူငယ်တစ်စုနှင့် မြို့နယ်သံဃာ့နာယကအဖွဲ့မှ ဆရာတော်သုံးပါးတို့ စုပေါင်းပြီး ကယ်ထုတ်ခဲ့ရသည်ဟု သတင်းရရှိသည်။
အဆိုပါကျေးရွာတွင် ပိတ်မိနေသည့် သက်ကြီးရွယ်အိုဆ ရာတော်တစ်ပါးအပါအဝင် အသက် ၆၀ ကျော် (၂၃ )ဦး၊ အသက် ၆၀ အောက် အမျိုးသမီး (၃)ဦး၊ အမျိုးသား(၁)ဦးနှင့် ကလေးငယ် (၃)ဦး၊ စုစုပါင်း ၃၁ ဦးတို့ ဖြစ်ကြော်း ကယ်ထုတ်ခဲ့သူများက နိရဥ္စရာသတင်းဌာနကို ပြောသည်။
“အဲဒီမှာစခန်းချနေတဲ့တပ်မတော်ဘက်က အကြီးတွေဆီက ခွင့်ပြုချက်တောင်းတော့ သူတို့က လာခဲ့ပါဆိုလို့ သွားနေကြတာပါ။ အခုညောင်ပင်လှကကယ်လို့ စက်လှေပေါ်ရောက်နေပါပြီ။ ဆေးရုံတင်ရမယ့် လူနာတစ်ယောက်ပါလာတယ်”ဟု သွားရောက်ကယ်ထုတ်ရာတွင်ပါဝင်ခဲ့သူ ကိုကျော်မင်းခိုင်က နိရဥ္စရာသတင်းဌာနကို ပြောသည်။
ကယ်ထုတ်ခံရသူများတွင် အရေးပေါ်ဆေးကုသရန်လိုအပ်နေသော ဦးထွန်းအေးစိန်အား ရသေ့တောင် ဆေးရုံသို့ ပို့ဆောင်ပြီး အခြားသူများအား ရသေ့တောင်မြို့တွင် ယာယီစောင့်ရှောက်ထားရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က အဆိုပါညောင်ပင်လှကျေးရွာသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာသဖြင့် ဖမ်းဆီးခံရမည့် အပြင် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ရွာလုံးကျွတ်ထွက်ပြေးကြရာမှ ၄င်းတို့ ၃၁ ဦးသည် ယခုကဲ့သို့ ပိတ်မိနေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “စစ်သားတွေ စစ်ကြောင်းလာရင် ရွာသားတွေကလည်း ကြောက်ပြီးပြေးကြတာပါပဲ။ အဲဒီမှာ မပြေးနိုင်တဲ့သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေက ပိတ်ကျန်ခဲ့တာပေါ့။ စစ်ပွဲတွေကို ငြိမ်းချမ်းစေချင်ပါပြီ။ ပြည်သူတွေလည်း ဒုက္ခရောက်နေကြပါပြီလို့ ပြောချင်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
အဆိုပါညောင်ပင်လှကျေးရွာနှင့် မညင်းတောင်ကျေးရွာတို့အနီးတွင် ဇန်နဝါရီ( ၁၀/၁၁)ရ က်နေ့များတွင်လည်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် အသုံးပြု တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ၊ သောင်းဒရားကျေးရွာနှင့် သာစည်ကျေးရွာတို့ဘက်တွင် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ရွာသား ၁၄၀၀ ကျော်မှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးခဲ့ကြ၇သည်။
သောင်းဒရားကျေးရွာမှ မပြေးနိုင်သည့် သက်ကြီးရွယ်အိုများအပါအဝင် ရွာသား၂၇ ဦးပိတ်မိကျန်ခဲ့သဖြင့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရသေ့တောင်မြို့မှ ကြက်ခြေနီ အသင်းများက သွားရောက် ကယ်ဆယ်ခဲ့ရကြောင်း သိ၇သည်။
--------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ ၁၅/ ၂၀၂၀