သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဖက်ဒရယ်ပြည်ထောင်စု မဖြစ်ခင်အထိ ရခိုင်တွင် အကြီးစားရင်းနှီးမြုပ်နှံမှုစီမံကိန်းများအား ရပ်တန့်ထားလိုကြောင်း ANREN ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 6.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၇/ ၂ဝ၂ဝ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံကို ၂ရက်တာ လာရောက် လည်ပတ်မည့်ခရီးစဉ်အတွင်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် တခြားသောစီမံကိန်းများအား အတည်ပြုလက်မှတ်ရေးထိုးကြမည်ဟု သိရပြီး၊ ရခိုင်တွင် အကြီးစား ရင်းနှီးမြုပ်နှံမှုစီမံကိန်းများအား ဖက်ဒရယ် ပြည်ထောင်စု မဖြစ်ခင်အထိ ရပ်တန့်ထားသင့်ကြောင်း ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုရာ ကွန်ရက် (ရခိုင်ပြည်)/ The Arakan Natural Resources and Environmental Network (ANREN) အနေဖြင့် ပြောသည်။

“၂ဝဝ၈ ဥပဒေကို အခြေခံပြီးမှ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ပြီးတဲ့ နောက်ပိုင်းမှ အကြီးစား ရင်းနှီးမြုပ်နှံမှုတွေကို တည်ဆောက်သင့်ပါတယ်။ အခုလုပ်နေတဲ့ စီမံကိန်းတွေကို ဘာမှ မပြောလိုပေမယ့် လာမယ့် စီမံကိန်းတွေကို ဖက်ဒရယ်ပြည်ထောင်စု မဖြစ်ခင် ကာလအထိကို ရပ်တန့်ထားဖို့ တောင်းဆိုချင်ပါတယ်။” ဟု ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက် (ရခိုင်ပြည်)မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းကြည်က နိရဥ္စရာသို့ ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်သည် စစ်ရေးပဋိပက္ခတင်းမာနေသည့် အချိန်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအနေဖြင့် လက်ရှိကာလအတွင်း ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေကြသည့် အမျိုးသားညီညွတ်ရေး၊ တန်းတူရေးနှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးစားပေးလုပ်ဆောင်ရမည့် ကာလဖြစ်ကြောင်း ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်(ရခိုင်ပြည်) မှ ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့တွင် သဘောထား ထုတ်ပြန်သည်။

“ဓါတ်ငွေ့၊ ရေနံ စီမံကိန်း တို့လို ကြီးကျယ်တဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ပြောတာပေါ့နော်။ အခု နောက်ထပ်လုပ်မယ့် စီမံကိန်းတွေ အများကြီးရှိတယ်။ ရခိုင်မှာ ဓါတ်ငွေ့တွေ တူးဖို့ရှိတယ်။ အခုဆိုလို့ရှိရင် ဓါတ်ငွေ့လုပ်ကွက် ၈ ကွက်ကို တင်ဒါခေါ်ဖို့ လုပ်ထားတာတွေ ရှိနေတယ်။ အဲဒါတွေကို ပြောတာပါ။”ဟု ဦးထွန်းကြည်က ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိတည်ဆဲဥပဒေဖြစ်သော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗဟိုချုပ်ကိုင်မှုကိုသာ ဦးစား ပေးထားပြီး ပြည်နယ်များအတွက် တန်းတူရပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ၊ စီမံပိုင်ခွင့်နှင့် အကျိုးခံစားပိုင်ခွင့် များကို ထည့်သွင်းရေးဆွဲထားခြင်းမရှိသောကြောင့် အကြီးစားရင်းနှီးမြုပ်နှံမှုများမှ ဒေသခံ  ပြည်သူလူထုများအနေဖြင့် မည်သည့် ကောင်းကျိုးခံစားမှုများ မရရှိသည့်အပြင် လူအခွင့်ရေးချိုးဖောက်ခံမှုများနှင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်းများကိုသာ ခံစားနေရကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

------------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၁၇/ ၂ဝ၂ဝ






ဆက်စပ် သတင်းများ