သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်တွင် AA တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတစ်ဦး ဖမ်းဆီးမိဟု တပ်မတော် သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 6.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) မှ တပ်ကြပ်ကြီး တစ်ဦးကို ဖမ်းဆီးရမိကြောင်း မြန်မာ့တပ်မတော်မှ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ  ၂ဝ က ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် မြောက်ဦးမြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၁၉ ရက်နံနက် ၈ နာရီခန့်တွင် မြောက်ဦးဘက်မှ မင်းပြားဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ် မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့် စစ်ဆေးခဲ့ရာ  ဆိုင်ကယ်မောင်းနှင်သူ ကျော်မင်းနိုင်(ဘ) ဦးရွှေစိန်ကို စစ်ဆေးရာ ၎င်းကိုင်ဆောင်သည့် ဖုန်းတစ်လုံး အတွင်း AA နှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ ထပ်မံစစ်ဆေး မေးမြန်းချက်အရ ၎င်းမှာ AA  အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသူတစ်ဦးဖြစ်ကြောင်းသိရှိရကြောင်း၊ ဖမ်းဆီးရမိသည့် AA ကျော်မင်းနိုင်အား  မြောက်ဦးမြို့မ ရဲစခန်း၌ လုပ်ထုံးလုပ်နည်း နှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

တပ်မတော်ဘက်မှ ထုတ်ပြန်ချက်ကို ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခသို့ ဆက်သွယ်ရာ ၎င်းက 
“ အဲဒီကိစ္စကတော့ ကျွန်တော်တို့ဘာမှ မသိရသေးဘူးခင်ဗျ။  ကျွန်တော်သိရသလောက်တော့ အဲလိုဖမ်းမိတာ မရှိဘူးခင်ဗျ။ ကျွန်တော်ဆီကိုတော့ အဲဒီလိုကိစ္စမျိုးနဲ့ ဘာတစ်ခုမှ ရောက်လာတာ မရှိသေးဘူး။ ဘာမှ AA နဲ့ မပတ်သက်ဘဲ အရပ်သားတွေကို ဖမ်းပြီး စွပ်စွဲတာပါ။ အခုလည်းရွာသားတွေကို ဖမ်းပြီး စွပ်စွဲတာဖြစ်နိုင်ပါတယ်” ဟု ပြောကြားသည်။

------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၂၁/၂ဝ၂ဝ




ဆက်စပ် သတင်းများ