စိုးဇံအောင်
နိရဥ္စရာ ၊ဇန်နဝါရီ ၂၈ /၂၀၂၀
ရခိုင် လူငယ် ကဗျာဆရာ နာနို(Aryan)၏ “ရုပ်မျိုးသုံးဆယ်”အမည်ရှိ လုံးချင်းရခိုင်ကဗျာစာအုပ် ထွက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။
ကမ်းရိုးတန်းအဖွဲ့မှ ထုတ်ဝေလိုက်သည့်“ရုပ်မျိုးသုံးဆယ်”ရခိုင်ကဗျာစာအုပ်တွင် ရခိုင်ကဗျာ ပုဒ်ရေသုံးဆယ် ပါဝင်ပြီး ရေးဟန်ပုံသဏ္ဍာန်တစ်မျိုး ဆန်းသစ်ပြီး ရေးသားထားသည်ဟု ကဗျာဆရာနာနို(Aryan)က ပြောသည်။
“အခုစာအုပ်မှာကတော့ ရုပ်မျိုးသုံးဆယ်ဆိုတဲ့အတိုင်း ပုံသဏ္ဍာန်တစ်ခုနဲ့တစ်ခု မတူဘူး။ အရင်ရေးနေကျ ပုံစံအတိုင်းမဟုတ်ဘဲ ပုံစံအသစ်ထွင်ပြီး ရေးထားတယ်။အခုရေးထားတာတွေ အားလုံး ကဗျာပုံသဏ္ဍာန် အသစ်တွေပါပဲ။ခံစားတဲ့လူနဲ့ ဆိုင်တယ်ပေါ့လေ။ဒီအထဲမှာ စစ်ပွဲနဲ့ ပတ်သက်တဲ့ ကဗျာ သုံးပုဒ်လောက်ပါတယ်” ဟု နာနို(Aryan)က ပြောသည်။
ရခိုင်ကဗျာဆရာ နာနို(Aryan)သည် သွီးတစ်စက်၏ ရွက်ဝါလူးဗေဒ(၂၀၁၄)၊ပန်းသဘင် လာသောနက္ခတ် (၂၀၁၅) ၊ တြိဂံများ(၂၀၁၆) စသည့် လုံးချင်းရခိုင်ကဗျာစာအုပ်များကို ရေးသားထုတ်ဝေခဲ့ပြီး ရခိုင်ကဗျာဆရာ များ၏ ကဗျာများပါဝင်သည့် “နားရွက်နန့် စကားလုံး”၇ခိုင်ကဗျာစာအုပ်ကို စီစဉ်ထုတ်ဝေခဲ့သူဖြစ်သည်။
ယခု ကဗျာစာအုပ်တန်ဖိုးမှာ (၂၀၀၀) ကျပ်ဖြစ်ပြီး ရခိုင်မြို့နယ်အနှံ့အပြားရှိ စာအုပ်ဆိုင်များတွင် ရရှိနိုင်မည်ဟုလည်း သိ၇သည်။
------------------------------------
Unicode;
နိရဉ်စရာ ၊ဇနျနဝါရီ ၂၇ /၂၀၂၀