သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောင်းတွင်းစစ်စာမေးပွဲများကို နောက်ဆုတ်လိုက်သည့်အပေါ် အမ်းမြို့နယ်တွင် ကျောင်းဆရာတစ်ဦး တစ်ကိုယ်တော် ကန့်ကွက်ဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 721

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၈/ ၂ဝ၂ဝ

တက္ကသိုလ်ဝင်တန်း အပါအဝင် အစိုးရမှ စစ်ဆေးသည့် အဋ္ဌမတန်း၊ စတုတ္ထတန်း စာမေးပွဲများပြီးမှ ကျောင်းတွင်းစစ်စာမေးပွဲများ စစ်ဆေးရန် အချိန်ပြောင်းလဲသတ်မှတ်လိုက်မှု အပေါ်  အမ်းမြို့နယ်မှ ကျောင်းဆရာတစ်ဦးက  တစ်ကိုယ်တော် ကန့်ကွက် ဆန္ဒပြခဲ့သည်။

ကန့်ကွက်ဆန္ဒပြသူမှာ အမ်းမြို့နယ်၊ တောင်မော်ကျေးရွာ မူ/လွန်ကျောင်းတွင် တာဝန် ထမ်းဆောင်နေသော အလယ်တန်းပြကျောင်းဆရာ ဦးမျိုးမင်းနိုင်ဖြစ်သည်။

သူသည် ဇန်နဝါရီလ ၂၄ရက်နေ့က သူတာဝန်ကျနေသောကျောင်းဝင်းအတွင်းတွင် " ကျောင်းတွင်း စစ်စာမေးပွဲများအား အစိုးရစစ်စာမေးပွဲပြီးမှ ကျင်းပ ခြင်းအား ကန့်ကွက်ပါသည်"ဟု စာသားပါ ဆိုင်းဘုတ်ပိုစတာတစ်ခုကို ကိုင်ဆောင်ပြီး  ကန့်ကွက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“အခု အချိန်က နယ်ဘက်တွေမှာဆိုရင် လယ်တွေ၊ ကိုင်းတွေလုပ်ကြတဲ့အချိန်ပေါ့။ ပုံမှန် အတိုင်း ဆိုရင်တော့ မိဘတွေ လယ်တွေ၊ ကိုင်းတွေလုပ်ဖို့သွားတဲ့အချိန်ဆိုလိုရှိရင် ကျောင်းလည်း ပိတ်ပြီး ဆိုတော့ ကလေးတွေပါ လိုက်သွားကြတယ်။ အခုဟာက ကိုးရိုးကန့်လန့်ဖြစ်နေတော့ ဆရာတွေသာမက မိဘတွေမှာလည်း အခက်အခဲတွေ ရှိတာပေါ့။ နောက်ပြီး ရာသီဥတု အပူချိန် လွန်ကဲတာတွေလည်း ပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ ဝန်ကြီးဌာနကတော့ ကလေးတွေနဲ့ ဆရာမတွေအတွက် စီစဉ်ထားတာ ရှိတယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် လက်တွေ့မြေပြင် အနေအထားမှာတော့ အခုအချိန်ထိ ဘာတစ်ခုမှ အကောင်အထည်ဖော် ထားတာကို ကျနော်မတွေ့မိသေးဘူး။ ဒါကြောင့် လေးတန်း၊ ရှစ်တန်း၊ ဆယ်တန်းတွေ စာမေးပွဲ စစ်ပြီးမှ တခြားအတန်းတွေကိုစာမေးပွဲစစ်ဆေးတာဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ် တစ်ခုမို့လို့ ကန့်ကွက်တြာ ဖစ်ပါတယ်။”ဟု ကန့်ကွက်ဆန္ဒပြသူ ဆရာဦးမျိုးမင်းနိုင်က နိရဥ္စရာသတင်းဌာနသို့  ပြောသည်။

အစိုးရစာမေးပွဲပြီးမှ အခြားအတန်းများကို စာမေးပွဲစစ်ရန်စီစဉ်နေမှုသည် လုံးဝမဖြစ်သင့်သလို ယခုလုပ်ရပ်သည် အခြေခံပညာဥပဒေကိုကျော်လွန်လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဝေဖန်ပြောကြားသည်။

“ဝန်ကြီးဌာနအနေနဲ့လည်း စာသင်ချိန်ကို တစ်လတိုးတာမဟုတ်ဘဲနဲ့ စာမေးပွဲကို ရက်ရွှေ့ ထားသလိုဖြစ်နေတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် ပညာရေးဆိုတာက စမ်းသပ်လို့ ကောင်းတဲ့ အရာတစ်ခုမဟုတ်ဘူး။ စမ်းသပ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေက တာဝန်ခံမှာလဲ၊ တာဝန်ယူမှာလဲ ဆိုတာတွေကလည်း မေးခွန်းမေးစရာတွေဖြစ်လာတယ်”ဟု ဆရာဦးမျိုးမင်းနိုင်က ပြောသည်။

အခြေခံပညာ အတန်းများ၏စာမေးပွဲကာလတိုးမြှင့်သော စနစ်သစ်ကို ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် စတင်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေခြင်းဖြစ်ပြီး ယင်းအစီအစဉ်ကို ဆရာ၊ ဆရာမအသိုင်းအဝိုင်းနှင့် ကျောင်းသားမိဘများက ဝေဖန်မှုများမြင့်တက်လျက်ရှိနေသည်ဟုလည်း သိရသည်။

----------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၂၈/ ၂ဝ၂ဝ








ဆက်စပ် သတင်းများ