Preview

ရသေ့တောင် ငစံဘော်မှ ရွာသားတစ်ဦး မိုင်းထိ သေဆုံး

ဖေဖော်ဝါရီ ၀၂/ ၂၀၂၀ | ကြည့်ရှုသူ :5798
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငစံဘော် (မုဆိုး) ချောင်းကျေးရွာမှာ လူကြီးတစ်ဦး ကျွဲရှာရန် သွားစဉ် မိုင်းထိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ငစံဘော်ကျေးရွာမှ ဦးသိန်းဇောအောင်(ဘ)ဦးကျော်ခေါင် (၅၆) နှစ်ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
 
ဦးသိန်းဇောအောင်သည် ယနေ့ နေ့လယ်က ငစံဘော်ကျေးရွာနှင့် အမျှက်တောင် ကျေးရွာကြားတွင် ကျွဲရှာရန် သွားစဉ် မိုင်းပေါက်ကွဲပြီး ခြေထောက်နှစ်ဖက်လုံးပြတ်သွားကာ သေဆုံးသွားခဲ့ခြင်းဟု ပြောဆိုသည်။

သူ၏ အလောင်းအား ရသေ့တောင်မြို့သို့ ယူဆောင်ရန် ပြင်ဆင်နေကြောင်း ပြောကြားသည်။

အဆိုပါ အနီးဝန်းကျင်တွင် ယမန်နေ့က  မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခုနှင့် ရက္ခိုင့်တပ်တော်  ( AA ) တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိ၇သည်။

---------------------------

Unicode:


နိရဉ်စရာ၊ ဖဖျောဝါရီ ၂/၂၀၂၀


 



မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.