Preview

ရသေ့တောင်မြို့နယ်မှ ကျည်ဆံထိမှန်သည့် ကျောင်းဆရာမ စစ်တွေဆေးရုံသို့ရောက်ရှိ

ဖေဖော်ဝါရီ ၀၄/ ၂၀၂၀ | ကြည့်ရှုသူ :3307
ရခိုင် သတင်း

အောင်လင်းထွန်း
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၄/၂၀၂၀

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ ရက္ခူတိုင် ကုန်တန်းကျေးရွာမှ ကျည်ဆံထိမှန်ခဲ့သည့် ကျောင်းဆရာမကို ရသေ့တောင်ဆေးရုံမှ တစ်ဆင့် စစ်တွေဆေးရုံသို့ ဆေးကုသရန် ယူဆောင်လာရာ ယနေ့နံနက် အစောကြီး ညဉ့်  ၁ နာရီကျော်တွင် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။

ကျည်ဆံထိမှန်ခဲ့သူမှာ မူလတန်းပြကျောင်းဆရာမ အသက် (၂၈)နှစ်အရွယ် ဒေါ်ခင်ဌေးဝင်း ဖြစ်ပြီး သူမမှာ နေအိမ်တွင် ရှိနေသည့်အချိန်တွင် ညနေ ၃ နာရီကျော်က ဇက်စစ်ရေယာဉ်ဘက်က ပစ်လိုက်သော ကျည်ဆံ လာရောက်ထိမှန်ခြင်း ဖြစ်ကြောင်း ရွာသားနှင့် မိသားစုများ၏ အပြောအရ သိရသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်ပြီး တပ်ဘက် ပြောခွင့်ရသူများကို ဆက်သွယ်၍ မရရှိသေးသဖြင့် တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

အဖေဖြစ်သူ ဦးထွန်းလှမောင်က “ ကျနော်တို့အခုစစ်တွေဆေးရုံသို့ရောက်နေပါပြီ။ ဒဏ်ရာက နောက်ကျောကနေ ဖာက်ဝင်သွားတယ်။ စိုးရိမ်ရတဲ့အခြေအနေရှိလို့ စစ်တွေဆေးရုံသို့ပို့ရတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ဒဏ်ရာရရှိသွားသူမှာ မူလတန်းပြ ဆရာမမှာ  (ဘ) ဦးထွန်းလှမောင်၊ (မိ) ဒေါ်လှမြသိန်းတို့ သမီးဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူဆရာမအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအပါအဝင် အစိုးရဝန်ထမ်းတချို့နှင့် တက်ကြွလှုပ်ရှားသူတို့မှ ရက္ခူတိုင် ကုန်တန်းကျေးရွာမှ ရသေ့တောင်ကို စက်လှေဖြင့် ယူဆောင် ခဲ့ရပြီး ၇သေ့တောင်မြို့မှ တဆင့် ညနေ ၉နာရီအချိန်တွင်  ကားနှစ်စီးဖြင့် စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ ယူဆောင်လာရာ ညဉ့် ၁ နာရီကျော်   ရောက်ရှိခဲ့ကြောင်း သိ၇သည်။

(ဓာတ်ပုံ- မေယုထွန်း)

------------------------

Unicode:


နိရ ဉ်စရာ၊ ဖဖျောဝါရီ ၄/၂၀၂၀








#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.